30 C
Yangon

စစ်ကောင်စီက အာဇာနည်နေ့ လူစည်ကားရေး တစ်မြို့နယ်လျှင် လူဦးရေ ၅၀ နှုန်း လာရောက်အလေးပြုရန်နှင့် ကားတိုင်း၊ မီးသတ်စခန်းတိုင်း ဥဩဆွဲရန် ညွှန်ကြား

Must read

စစ်ကောင်စီက အာဇာနည်နေ့ လူစည်ကားရေး တစ်မြို့နယ်လျှင် လူဦးရေ ၅၀ နှုန်း လာရောက်အလေးပြုရန်နှင့် ကားတိုင်း၊ မီးသတ်စခန်းတိုင်း ဥဩဆွဲရန် ညွှန်ကြား

ရန်ကုန်၊ ဇူလိုင် ၁၉

စစ်ကောင်စီက ယနေ့ ကျရောက်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား စည်ကားရေး တစ်မြို့နယ်လျှင် လူဦးရေ ၅၀ နှုန်း လာရောက်အလေးပြုရန်နှင့် ကားတိုင်း၊ မီးသတ်စခန်းတိုင်း ဥဩဆွဲရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

ယနေ့ ကျရောက်သည့် ၇၆ နှစ်မြောက် အာဇာနည်နေ့တွင် ရွှေတိဂုံစေတီ မြောက်ဘက်မုခ်ရှိ အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်ပြတိုက်၊ ဗိုလ်တထောင်ရှိ ဝန်ကြီးများရုံး (ခေါ်) အတွင်းဝန်ရုံး တို့တွင် လူများ စည်ကားစေရန်အတွက် မြို့နယ်ထွေ/အုပ်များအနေဖြင့် တစ်မြို့နယ်လျှင် လူ ၅၀ စီဖြင့် လာရောက် အလေးပြုလည်ပတ်ကြရန်၊ အာဇာနည် ခေါင်းဆောင်များ ကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မြို့နယ်တိုင်းရှိ ကားများ ဟွန်းတီးရန်နှင့် မီးသတ်စခန်းများက ဥဩများ ဆွဲကြရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

“အာဇာနည်နေ့မှာ အာဇာနည် ဗိမာန်ကိုလာရောက်အလေးပြုဖို့နဲ့ ဗိုလ်ချုပ်ပြတိုက်၊အတွင်းဝန်ရုံး တို့ကို လာရောက်ကြည့်ရှုဖို့ တစ်မြို့နယ်ကို လူဦးရေ ၅၀ စီ အနည်းဆုံးလာရောက်ဖို့ ရန်ကုန်တိုင်းအစိုးရ​ကမြို့နယ်တွေကို ညွှန် ကြားပါတယ်။ လာမဲ့လူအမည်စာရင်းအချက်အလက်ဖုန်းနံပါတ်ဓာတ်ပုံအကုန်ပေးရတယ်။ ကြို့ပို့ကားတွေမြို့နယ်တိုင်းကိုစီစဥ်ပို့ပေးတယ်။ မနှစ်က လူသိပ်မရှိတော့ ဒီနှစ်မှာ လူတွေ လာကြတယ် ၊ စည်ကားတယ်ဆိုတာကို ပြချင်တယ်။ နောက်တစ်ခါ ဥဩသံဆွဲဖို့ ကားတွေဟွန်းတီးဖို့ တိုင်းက မြို့နယ်တွေကို နှိုးဆော်ခိုင်းပါတယ်” ဟု

ယမန်နှစ် ၂၀၂၂ ခုနှစ် ၇၅ နှစ်ပြည့် အာဇာနည်နေ့ အခမ်းအနားကို အကြမ်းဖက်စစ်တပ်က ဦးစီးပြုလုပ်သည့် အတွက် ပြည်သူ များက လာရောက်ခြင်းမရှိဘဲ လူအလွန်နည်းပါးခဲ့ကြောင်း၊ ထို့ကြောင့် ယမန်နှစ်အာဇာနည်နေ့တွင် စစ်တပ်က ကျောင်းကားအဝါဖြင့် စစ်တပ်ထောက်ခံသူများကို ခေါ်ဆောင်ကာ လူစည်ကားသယောင် စစ်တပ်ဝါဒဖြန့် သတင်းမီဒီယာများက ရိုက်ကူးရေး လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ၎င်းတို့ ဦးစီး ပြုလုပ်သည့် အခမ်းအနားများတွင် လူမရှိလျှင် စစ်တပ်ထောက်ခံသူများကို ထမင်းထုပ်နှင့် ငွေ ၅၀၀၀ ပေး၍ ခေါ်ယူအသုံးပြုမှုများ မကြာခဏ ဆိုသလို လုပ်ဆောင်လေ့ရှိသဖြင့် အဆိုပါ စစ်ထောက်ခံသူများကို ၅၀၀၀ စားများ ဟု ပြည်သူက ခေါ်ဆိုလေ့ရှိသည်။

ဓာတ်ပုံ- ယမန်နှစ် အာဇာနည်နေ့ အခမ်းအနား လူမရှိသည့်အတွက် အဝါရောင် ကျောင်းကားများဖြင့် စစ်တပ်ထောက်ခံသူများကို အာဇာနည်ကုန်းသို့ ခေါ်ယူလာခဲ့ကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article