မန္တလေးမြို့တွင် အာဇာနည်နေ့ အလံမလိပ် အညာသပိတ် ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၁၉
မန္တလေးတွင် S&Cမီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့သားများမှ ယနေ့ ကျရောက်သော အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များ ၊ နွေဦးတော်လှန်ရေးတွေ ကျဆုံးခဲ့ရသော ရဟန်းရှင်လူမိဘပြည်သူ အပေါင်းတို့ကို ဦးညွှတ်အလေးပြု၍ အညာသပိတ်ပြုလုပ်ခဲ့သည်။
S&Cမီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ မြို့ပြနေ အချို့လူတန်းစားများသည် တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသော ခုခံတော်လှန်စစ်ကို မေ့လျော့နေပြီး သာမန်အနေအထားဖြင့်သာ နေထိုင်ပြုမူနေကြ၍ ပြည်သူ့အချို့ကို အညာနေ ပြည်သူများ အတွက် အလံမလိပ်အညာသပိတ်ကို သတိပြုကြစေရန်နှင့် သွေးအေးနေကြသော အချို့သော ပြည်သူတို့ ခုခံတော်လှန်စစ် အမြန်ဆုံးပြီးဆုံးအောင်မြင်ရန် ပါ၀င်ကြရန် အာဇာနည်နေ့တွင် တိုက်တွန်းနှိုးဆော်ရန် ရည်ရွယ်ကြောင်း သိရှိရသည်။