30 C
Yangon

ထားဝယ်မြစ်အတွင်း ဆယ်ယူရရှိသော စစ်သားအလောင်းများ သယ်ရန်လာသည့် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

Must read

ထားဝယ်မြစ်အတွင်း ဆယ်ယူရရှိသော စစ်သားအလောင်းများ သယ်ရန်လာသည့် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၉

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်မြစ်အတွင်း သင်္ဘောမှောက်၍ သေဆုံးသွားသော စစ်သား အလောင်းများကို ဆယ်ယူပြီးနောက် အလောင်းများ သယ်ယူရန် လာသည့် စစ်တပ် ယာဥ်တန်းကို ဒေသတော်လှန်ရေး တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့ သရက်ချောင်းမြို့နယ်၊ ပိတိုင်ရွာအနီး ထားဝယ်မြစ်အတွင်း သင်္ဘောမှောက်၍ သေဆုံးသွားသော စစ်သား အလောင်းများကို လာကောက်သည့် စစ်တပ် ယာဥ်တန်းကို ဒေသတော်လှန်ရေး တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့​ကြောင်း သိရသည်။

” ထားဝယ်မြစ်ထဲမှာ သင်္ဘောမှောက်ပြီးသေတဲ့ စစ်ခွေး အလောင်းတွေကို လာသယ်တဲ့ စစ်ခွေး ယာဥ်တန်းကို သရက်ချောင်းမြို့ ပိတိုင်တောင်မှာ တော်လှန်ရေး တပ်ဖွဲ့တွေ မိုင်းဆွဲတယ်လို့ ပြောတယ်။ စစ်ခွေး ၃ ကောင်သေပြီး စစ်ခွေးကားတွေ လှည့်ပြန် မောင်းပြေးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းမင်း အဖွဲ့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး အခြား မည့်သည့်အဖွဲ့များ ပါဝင်သည်ကို မသိရသေးကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် ယမန်နှစ် မိုင်းဆွဲခံခဲ့ရသည့် စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article