32 C
Yangon

သပိတ်ကျင်းမြို့နယ်တွင် စစ်သားများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု ၆ ဦးသေ ဆုံးပြီး PDF တစ်ဦးကျဆုံး၊ မြောင်တွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး

Must read

သပိတ်ကျင်းမြို့နယ်တွင် စစ်သားများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု ၆ ဦးသေ ဆုံးပြီး PDF တစ်ဦးကျဆုံး၊ မြောင်တွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၁၉

မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်တွင် အကြမ်းဖက်စစ်သားများကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၆ ဦးသေဆုံးခဲ့ပြီး PDF တစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- ကြာညှပ်မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၉ မိနစ်က ကြားညှပ်ရဲစခန်းနှင့် စစ်တပ်ဂိတ်မှ စစ်သားများ သည် ပုတီးဖြူရွာဘက်သို့ နာရေးကားအသုံးပြုပြီး ကင်းလှည့်ထွက်လာစဉ် ပုတီဖြူရွာအနီး၌ လည်း ကောင်း၊ ယမန်နေ့ ဇူလိုင်လ ၁၈ ရက် ည ၉ နာရီ ၄၄ မိနစ်ခန့်က ကင်းပုန်းချရန် ထွက်လာသော ဒိုင် နာကားတစ်စီးကို ကိုးပင်ရွာအနီး၌ လည်းကောင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

“မနေ့ညကတော့ ညပိုင်းဆိုတော့ ဘယ်နှစ်ကောင် ထိခိုက်မှုရှိတယ်ဆိုတာ မသိရဘူးဗျ၊ ဒီမနက်မိုင်းဆွဲ ခဲ့တာက ၂ ကောင်ဒဏ်ရာရတယ်လို့ သိရတယ်၊ ဘယ်ဆေးရုံပို့လိုက်လဲတော့ မသိရဘူး၊ မနေ့ည ဒိုင် နာကားနဲ့က စစ်ခွေး ၁၀ ကောင်လောက်ပါတယ်၊ ဒီမနက်နာရေးကားနဲ့က ၈ ကောင်လောက်ပါတယ်၊” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့- ကြာညှပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးအဖွဲ့- ကြာညှပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဇူလိုင်လ ၈ ရက်နေ့က သပိတ်ကျင်းမြို့နယ်၊ သီးကုန်းရွာအနီး၌ တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက် စစ်သား ၆ ဦးသေဆုံးပြီး ၁ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့- ကြာညှပ်မှ ရဲဘော်တစ်ဦးတိုင်းပြည်နှင့်ဖက်ဒရယ်ဒီမိုကရေစီစနစ်အတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ ထွက်လာသော အကြမ်းဖက်စစ်သားများ ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံ ရေးအဖွဲ့-CDSOM မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလို်ငလ ၁၈ ရက် နံနက် ၁၀ နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် ကျောက်ရစ်စခန်းမှ အနောက်ဘက်သို့ ခြေလျင်ထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံ ရေးအဖွဲ့-CDSOM တောင်ပိုင်း ဗိုလ် ကျားသစ်အဖွဲ့၊ မြောင်မြို့နယ် ပကဖအဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၂ ၊ Taloke PDF စသည့် မဟာမိတ်အဖွဲ့ များမှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- သပိတ်ကျင်းဘက်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article