ချောင်းဦးမြို့နယ်တွင် အာဇာနည်နေ့ အခမ်းအနားပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၁၉
ချောင်းဦးမြို့နယ် လူငယ် အင်အားစု သပိတ် ကော်မတီက ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ၇၆ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကဏ္ဍပေါင်းစုံမှ တော်လှန်ရေးအင်အားစုများ နှင့် ကျေးရွာနေ ပြည်သူများ တက်ရောက်ခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသောအာဇာနည် ၉ ဦးနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသောသူရဲကောင်းများအား လွမ်းသူ့ပန်းခွေများဖြင့် ဦးညွှတ်ဂုဏ်ပြု အလေးပြုခဲ့ကြပါသည်။