မြိုင်မြို့အဝင် စစ်တပ်ဂိတ် နှင့် ပျူစောထီး စခန်း ၃ ခုကို လက်နက်ကြီး၊ ဒရုန်း၊ မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၁၉
မကွေးတိုင်း၊ မြိုင်မြို့အဝင် အကြမ်းဖက်စစ်တပ်ဂိတ်နှင့် ပျူစောထီးကျေးရွာများဖြစ်ကြသည့် ကန်နီရွာ၊ ဝက်ပုတ်ရွာ၊ တွင်းမရွာတို့ကို လက်နက်ကြီး၊ ဒရုန်း၊ မောင်းသူမဲ့လေယာဉ်တို့ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖမှ တာ ဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက် ၉ နာရီခန့်က မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာရှိ ပျူစောထီးစခန်းကို လက်နက်ကြီးဖြင့် အချက်ရေ ၅၀ ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်တပ် ဘန် ကာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူစောထီးထိခိုက်သေဆုံးမှုကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။
ထို့အပြင်နေ့လည် ၁ နာရီခန့်တွင် တွင်းမကျေးရွာရှိ ပျူစောထီးစခန်းကိုမောင်းသူမဲ့လေယာဉ်ငယ်ဖြင့် အီနာဂါဗုံးသီး အလုံး ၂၀ ခန့် ကျဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ နေထိုင်ရာ အဆောင်များ ထိခိုက်ပျက်စီးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပျူစောထီးခေါင်းဆောင် ကျော်ကျော်လှ နေအိမ်ကိုလည်း အီနာဂါဗုံးသီး ၄ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုများကို မြိုင် ပကဖ တပ်ရင်း ၁ ၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ ၊ KMDF နှင့် အခြားသော ဒေသ တွင်း ကာကွယ်ရေးတပ်ဖွဲများ ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
အလားတူ ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက် ၁၀ နာရီခွဲခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီးများ အ ထိုင်ချထားသည့် မကွေးတိုင်း၊ မြိုင်မြိုနယ်၊ ကန်နီပျူ စောထီးရွာအား အာဇာနည်နေ့ အထိမ်းအမှတ် အဖြစ် ဒရုန်းဖြင့် အီနာဂါဗုံးသီး ၂ လုံး၊ မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် မီးလောင်ဗုံး ၇ လုံးကျဲချတိုက်ခိုက် ခဲ့သည်ကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင်လ ၁၈ ရက် နံနက် ၁၀ နာရီခန့်မှ ၁၂ နာရီခန့်အထိ မြိုင်မြို့ မြောက်ဖက်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်ကို Drop Bomb အလုံး၂၀ ကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိ ခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။