ရေစကြိုမြို့နယ် လူထုသပိတ် တိုက်ပွဲ ဦးဆောင် ကော်မတီက အာဇာနည်နေ့ အခမ်းအနား ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၁၉
ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင် ကော်မတီက ဦးဆောင်ပြီး ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အာဇာနည် ၉ ဦးနှင့်တကွ ခေတ်အဆက်ဆက် နိုင်ငံ့လွတ်လပ်ရေးအတွက် အသက်ပေးလှူခဲ့ကြသော အာဇာနည်သူရဲကောင်းများအား အလေးပြုခဲ့ကြောင်း သိရှိရသည်။