25 C
Yangon

မြစ်ကြီးနားရှိ အရန်ရဲတပ်ဖွဲ့စခန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ သရက်ချောင်းတွင် စစ်ကား ၁ စီးကိုမိုင်းဆွဲတိုက်ခိုက်

Must read

မြစ်ကြီးနားရှိ အရန်ရဲတပ်ဖွဲ့စခန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ သရက်ချောင်းတွင် စစ်ကား ၁ စီးကိုမိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၀

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အရန်ရဲတပ်ဖွဲ့စခန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျား အထူး ကိုမန်ဒိုတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၉ ရက်နေ့ ည ၇ နာရီ ၃၃ မိနစ်ခန့်တွင် မြစ်ကြီးနားမြို့ရှိ အရန်တပ်ဖွဲ့စခန်းကို မြို့ပြပြောက်ကျား အထူးကိုမန်ဒိုတပ်ဖွဲ့က တာဝေးပစ် ၄၀ မမ လောင်ချာဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲတပ်သားများနှင့် မိသားစုဝင်များ အသေအပျောက် ရှိနိုင်ကြောင်း သိရသည်။

“မနေ့ညက မြစ်ကြီးနားမြို့ အရန်ရဲတပ်ဖွဲ့စခန်းကို တာဝေးပစ် လောင်ချာနဲ့ ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့တယ် ရဲတပ်သားတွေနဲ့ မိသားစုဝင်တွေ အသေအပျောက်ရှိနိုင်တယ်” ဟု မြို့ပြပြောက်ကျား အထူး ကိုမန်ဒိုတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကားတစ်စီးကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရ သည်။

ဇူလိုင်လ ၁၇ ရက် နေ့လည် ၁၁ နာရီခန့်က ထားဝယ်မြို့ဘက်မှ သရက်ချောင်းမြို့နယ်ဘက်သို့ မြိတ်- ထားဝယ်လမ်းအတိုင်း ဆင်းလာသော အကြမ်းဖက်စစ်သား ၁၀ ဦးခန့်ပါသည့် Vigo ကားတစ်စီးကို သင်းကျွန်းကျေးရွာနှင့် သရက်နှစ်ခွကျေးရွာကြား၌ မိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အ ကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူလူထုကို ထိခိုက်မှုမရှိအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article