Khit Thit သတင်းဌာန၏ ဇူလိုင် ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၀ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊သိမ်ဇရပ်မြို့ ကားဂိတ်-လမ်းဆုံမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ အမြောက်တပ် ၃၁၀ က တပ်သား ၁ ဦးနဲ့ ဆိုင်ကယ်ချင်း တိုက်မိတဲ့ မောင်ချစ်လေး ဆိုသူကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ပြီး အလောင်းပြန်ပေးတဲ့အချိန်မှာလည်း ငွေ ၂ သိန်း တောင်းသွားတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ကျောက်ရစ်ရဲစခန်း နဲ့ ဂန့်ဂေါ၊ တောင်ခင်ရန်း-နယ်မြေ ရဲစခန်းတွေကို PDF ပူးပေါင်းတပ်တွေကနေ ရှော့တိုက်ဒုံးတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
-မကွေးတိုင်း၊ မြိုင်မြို့အဝင်က အကြမ်းဖက်စစ်တပ် ဂိတ် နဲ့ ပျူစောထီးကျေးရွာတွေဖြစ်တဲ့ ကန်နီ၊ ဝက်ပုတ် ၊ တွင်းမရွာတွေက ပျူစခန်းတွေကို တော်လှန်ရေးအင်အားစုတွေကနေ လက်နက်ကြီးတွေ ၊ ဒရုန်း တွေ ၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ ဗုံးကျဲပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ သတင်းတွေကို တင်ဆက်ပေးပါမယ်။
