24 C
Yangon

လောင်းလုံးတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး ၊ နွားထိုးကြီးတွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

လောင်းလုံးတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး ၊ နွားထိုးကြီးတွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၀

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သကျတ်တောကျေးရွာ မြစ်ဝအနီး၌ ရေကြောင်းမှ ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၄ ရက် ညနေ ၄ နာရီခန့်က ထားဝယ်မြို့မှ ထားဝယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော အင်အား ၁၀၀ ခန့်ပါ စက်လှေ ၂ စီးသည် သကျတ်တောကျေးရွာ မြစ်ဝတွင် ဆိုက်ကပ်ပြီး အင်အား ၇၀ ခန့်မှာ ကုန်းကြောင်းအတိုင်း စစ်ကြောင်းထိုးလာစဉ် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ ၈၁ မမ လက်နက်ကြီး ၁၀ လုံးဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ပွဲ မိနစ် ၄၀ ခန့် ဖြစ်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံး ကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း သေဆုံးဒဏ်ရာရရှိသွားသော အကြမ်းဖက်စစ်သားများကို ဇူလိုင်လ ၁၅ ရက် နံနက် ၈ နာရီခန့်တွင် စက်လှေဖြင့် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ဆီဘောတံတားသို့ ပို့ဆောင် ကာ ထားဝယ်မြို့ရှိ စစ်တပ်အတွင်းသို့ သယ်ယူသွားကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း ၊ နွားထိုးကြီးမြို့နယ်၊ စင်္ကြာတောင်၏ အရှေ့ဘက်တွင် အကြမ်းဖက်စစ်သားများကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၄ (နွားထိုးကြီး PDF) ထံမှ သိရသည်။

ယနေ့ ဇူလိုင်လ ၂၀ ရက် နေ့လည် ၁၁ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ စင်္ကြတောင်၏ အရှေ့ဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို မြင်းခြံခရိုင်တပ်ရင်း ၄ (နွားထိုးကြီး PDF) တပ်ဖွဲ့ မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article