24 C
Yangon

ကန်ပက်လက်မြို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံး၊ မြောင်မြို့ ရဲစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ကန်ပက်လက်မြို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံး၊ မြောင်မြို့ ရဲစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၀

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း CDF-Kanpetlet ထံမှ သိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ကန်ပက်လက်မြို့ အောက်ဘက် မြတ်နိုးသူအကွေ့အနီး အကြမ်းဖက် စစ်တပ်နှင့် CDF-Kanpetlet တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ စစ်သား ၅ ဦးသေဆုံးကာ CDF ရဲဘော် ၄ ဦး ထိခိုက် ဒဏ်ရရှိခဲ့ကြောင်း သိရှိရသည်။

CDF-Kanpetlet သည် ၂၀၂၁ ခုနှစ် နွေဦး တော်လှန်ရေးအစမှ လက်ရှိအချိန် အထိ စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို တွန်းလှန်နေသော ချင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖြစ်ကြောင်း၊ CDF-Kanpetlet တပ်ဖွဲ့ ရေရှည် ရပ်တည်နိုင်ရေးနှင့် အကြမ်းဖက် စစ်တပ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ရေးအတွက် ပြည်သူများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အားပေး ကူညီမှုများ၊ ပံ့ပိုးကူညီမှုများ လိုအပ်လျက်ရှိကြောင်း CDF-Kanpetlet က ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့ ရဲစခန်းကို မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း CDSOM တပ်ဖွဲ့ထံမှ သိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီ မှ ညနေ ၅ နာရီအထိ မိမိတို့ တော်လှန်ရေးတပ်ဖွဲ့များက မြောင်မြို့ ရဲစခန်းကို Shar Htoo Waw Drone နည်းပညာ မောင်းသူမဲ့လေယာဥ်ငယ်များဖြင့် ၃ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မြောင်မြို့ ရဲစခန်းကို ဒရုန်း ၅ စီး အသုံးပြုပြီး ပထမအကြိမ် စစ်ဆင်ရေး စတင်ချိန်တွင် ဒရုန်း ၂ စီးပျက်ကျခဲ့ကြောင်း၊ ထို့နောက် ဒုတိယအကြီး မောင်းသူမဲ့ လေယာဥ်ငယ် ၃ စီး ထပ်မံ တိုက်ခိုက်ခဲ့​ပြီး မြောင်မြို့ ရဲစခန်းမှ လက်နက်များဖြင့် ပြန်လှန်ပစ်ခတ်ခဲ့ကြောင်း၊ တတိယအကြိမ် တိုက်ခိုက်ချိန်တွင် နောက်ဆုံး ဒရုန်းမှာ လေပေါ်အရောက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ၁ ဦး ပြင်းထန် ဒဏ်ရာအခြေအနေ ပြင်းထန်ကာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို CDSOM အနောက်ပိုင်း တိုက်ခိုက်ရေး 001 တပ်ဖွဲ့မှ ဦးဆောင်ပြီး Drop for Justic (Mdy) ပခုက္ကူခရိုင် တပ်ရင်း ၁၀ တပ်ခွဲ ၃ ၊ NYSO ပြောက်ကျားတပ်ဖွဲ့ ၊ မြောင်မြို့နယ် ပ.လ.ဖ အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၂ ခွဲ ၃ YFPDF (စစ်ကိုင်းခရိုင် ရင်း၆ ခွဲ ၃) Bomb God (LPDF) မြောင်မြို့ မတိုက်နယ် ပ.က.ဖ ၊ Blood Brothers ၊ မြင်းမူမြို့ ပြတော်လှန်ရေးအဖွဲ့ – CRF MyinmuLiberation Army of Central Region (LACR) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article