မြိုင်မြို့နယ်ရှိ စစ်တပ်၏ စက်မှု ၂ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၂၁
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စက်မှု ၂ စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၉ NW PDF ထံမှ သိရသည်။
ဇူလိုင်လ ၁၉ ရက်နေ့တွင် မြိုင်မြို့နယ်ရှိ ကပစ ဆက်စပ်ပစ္စည်းစက်ရုံ မြိုင်စက်မှု ၂ ကို ဖီးနစ် စစ်ဆင်ရေးအဖြစ် တော်လှန်ရေး တပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် MVRF တပ်ဖွဲ့ကလည်း လက်လုပ် rockets ၆၀ ကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စက်ရုံအတွင်းရှိ လူပျိုဆောင်၊ ပင်မဆောင်အနီးနှင့် ဆက်စပ်အဆောင်များကို ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုများနိုင်ကာ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင် ခရိုင်တပ်ရင်း ၉ North-Western PDF၊ MVRFနှင့် မြိုင်မြို့နယ် တပ်ရင်း ၁ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။