21 C
Yangon

အင်းစိန်ထောင်ထွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသော အရှေ့ပိုင်းကျောင်း သားသမဂ္ဂမှ ကျောင်းသား ၅ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံ ချမှတ်

Must read

အင်းစိန်ထောင်ထွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသော အရှေ့ပိုင်းကျောင်း သားသမဂ္ဂမှ ကျောင်းသား ၅ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ထပ်မံ ချမှတ်

ရန်ကုန်၊ ဇူလိုင် ၂၁

ရန်ကုန်အင်းစိန်အကျဉ်းထောင်တွင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသော အရှေ့ပိုင်းကျောင်းသားသမဂ္ဂ ကော်မတီ တာဝန်ခံ အပါအဝင် ကျောင်းသား ၅ ဦးကို ယမန်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်လိုက်ကြောင်း သက်ဆိုင် ရာ ကျောင်းသားသမဂ္ဂများထံမှ သိရှိရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်း သား ၅ဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ အမြင့်ဆုံး ထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်ခဲ့ပြီးနောက် ယမန်နေ့ ညနေပိုင်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေများဖြင့် ထပ်မံ၍ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်ခံထားရတဲ့ ကျောင်းသား ၅ ဦးကို မနေ့က ပုဒ်မ ၅၀ (ဈ)၊ ပုဒ်မ ၅၄ နဲ့ထောင်ဒဏ်၁၀နှစ် ထပ်မံ ချမှတ်ပါတယ်” ဟု ကျောင်းသားများနှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ၊ ​မြေပြင်သပိတ်ကော်မတီတာဝန်ခံ ကိုကောင်းခန့်နိုင် (စတုတ္ထနှစ်၊ ကုန်ထုတ်ဓာတုဗေဒ) ၊ ကိုသီဟအောင် (အဝေးသင်ဥပဒေ၊ ဒုတိယနှစ်) ၊ ကိုဟိန်းထက်ဇော် (အဝေးသင် မြန်မာစာ၊ ဒုတိယနှစ် နှင့် ကိုဖြိုးကောင်းထိုက် တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀-က (စျ)၊ ၅၁ – ဂ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆-၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ထောင်ဒဏ် ၂၆ နှစ်၊ ကိုအေးမင်းထိုက် (အဝေးသင်ဓာတုဗေဒ၊ တတိယနှစ်)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆-၁ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ထောင်ဒဏ် ၅ နှစ် ယမန်နှစ် ဒီဇင်ဘာလတွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကျောင်းသား ၅ ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀-စျ/၅၄ တို့ ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီထပ်မံချမှတ် လိုက်ခြင်းဖြစ်သည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ မတရား ဖမ်းဆီးခံကျောင်းသား (စာရင်းအရ) ၁၆ ဦးရှိသည့်အနက်မှ ၁၂ ဦးသည် မတရားထောင်ဒဏ် အသီးသီးကို အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တရားရုံးအမည်ခံများမှ ချမှတ်ထားပြီးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article