21 C
Yangon

ရေဖြူမြို့နယ်ရှိ အလယ်စခန်းရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား၊ ကျွန်းစုမြို့တွင် စစ်တပ်၏ စက်လှေ ၁ စီးကို ပစ်ခတ် တိုက်ခိုက်

Must read

ရေဖြူမြို့နယ်ရှိ အလယ်စခန်းရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား၊ ကျွန်းစုမြို့တွင် စစ်တပ်၏ စက်လှေ ၁ စီးကို ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၁

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ အလယ်စခန်းရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်သား ၃၅ ဦးသေ ဆုံးခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၈ ရက် နံနက် ၁၀ နာရီခန့်က အင်အား ၂၀၀ ခန့်ဖြင့် အလယ်စခန်းအနီးသို့ စစ်ကြောင်းထိုး လာသော အကြမ်းဖက်စစ်သားများကို KNLA ပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၅ ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“အဲဒီတိုက်ပွဲဖြစ်တဲ့နေရာက တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲမှာပါ၊ စစ်ကြောင်းတွေက ပြန်မဆုတ်သေး ဘူး၊ ဒီနေ့အထိ တိုက်ပွဲဖြစ်နေတုန်းရှိပါသေးတယ်” ဟု ရေးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို KNLA တပ်ရင်း ၂၇ ၊ တပ်ခွဲ ၂ နှင့် YGF- ရေးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး YGF-ရေးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်စောမွန်လေး အသက်ပေးလှူခဲ့ရကာ KNLA တပ်ရင်း ၂၇၊တပ်ခွဲ ၂ မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စု၊ တဆားဂလက်ဝအနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ် စက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Peopele Defense Organzation – Tanintharyi Division ထံမှ သိရသည်။

ယမန်နေ့ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၂ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီ ရေတပ်မှ စစ်သားများနှင့် ပျူစောထီးများလိုက်ပါလာ သည့် စက်လှေတစ်စီးကို ကြိုတင်စောင့်ဆိုင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်ဘက်မှ ပြန်လည် ပစ်ခတ်ချိန်မရလိုက်ပဲ အဝေး ရောက်မှသာ လက်နက်ငယ်ဖြင့် နှစ်ချက်ပြန်ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article