ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၂၀ ခန့်သေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၁
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၂၀ ခန့် သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ မှ တပ်ထောက်ဗိုလ် ဗိုလ်စာကလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၂၁ ရက် နံနက် ၁၀ နာရီခန့်က စိုင်နိုင်ကွေ့မှ ရွှေဘိုမြို့ဘက်သို့ ထွက်လာသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက်စစ်သား၊ ပျူစောထီးပါစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ပူး ပေါင်း ပြီး မိုင်းဆွဲခြင်း၊ လက်နက်ကြီး၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်မှ အရာရှိ ၃ ဦးအပါအဝင် ၂၀ ခန့်သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးစစ်သား၊ ပျူစော ထီးများကို ဖွတ်ကုန်းကျေးရွာသုသန်၌ သင်္ဂြိုလ်သွားကြောင်း သိရသည်။
“ဒီနေ့မနက် ၇ နာရီလောက် စိုင်နိုင်ကွေ့ကနေ ထွက်လာတဲ့အချိန်မှာ အသင့်ပြင်တိုက်ကြတာ၊ ကျနော် တို့နဲ့ တိုက်ပွဲမဖြစ်ခင် မဟာမိတ်အဖွဲ့တွေနဲ့ အရင်ဖြစ်ခဲ့သေးတယ်၊ မိုင်းဆွဲတာတွေရော၊ ရှော့တိုက်ဒုံး၊ လက်နက်ကြီး၊ လက်နက်ငယ်တွေရော ဝိုင်းဆော်ခဲ့ကြတာ၊ ကျနော်တို့ပစ်တဲ့ ရှော့တိုက်ဒုံးက ၈ လုံးထဲ က ၃ လုံးက ခွေးတွေပေါ်ကို အတိအကျ ကျကွဲခဲ့တယ်လို့ သိရတယ်၊ အဲဒီမှာ ထိတာများတယ် သေတဲ့ အထဲမှာ အကောင်ကြီး ၃ ကောင်ပါတယ်လို့ သိရတယ်၊ အဆင့်တွေတော့ မသိရဘူး၊ သေတဲ့ ခွေးတွေကို ဒီနေ့ညနေ မှာပဲ ဖွတ်ကုန်းသုဿန် မှာ သင်္ဂြိုလ်သွားတယ်လို့ သိရတယ်၊” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၅ မှ တပ်ထောက်ဗိုလ် ဗိုလ်စာကလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ ၊ တပ်ခွဲ ၂ (Fight For Freedom PDF)၊ တောကျီးကန်း (ပကဖ)ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနောယက္ခပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တိုက်နယ် ၅ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအ ခိုက် မရှိအောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါအကြမ်းဖက်စစ်ကြောင်းသည် ရသာကြီးကျေးရွာဘက်မှ ဝက်လက်မြို့နယ်၊ လှတောကျေးရွာသို့ ဖြတ်ကာ စိုင်နိုင်ကွေ့၌ ယမန်နေ့(ဇူလိုင်လ ၂၀ ရက်) ညပိုင်းက ညအိပ်ရပ်နားပြီး ယနေ့ နံနက် ၇ နာရီ ခန့်တွင် ရွှေဘိုမြို့သို့ ပြန်လည်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။