30 C
Yangon

ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ရွာ ၉ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရ

Must read

ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ရွာ ၉ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရ

ရန်ကုန်၊ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ရွာ ၉ ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရ​ကြောင်း ဓားမဆိုင်း တပ်မတော် အထူးတိုက်ခိုက်ရေး ခေါင်းဆောင်း ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်က စတင်ကာ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးစီးနင်းနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းတွင် အင်အား ၁၀၀ ကျော်ပါဝင်ပြီး ရွှေလှေကျေးရွာနှင့် လက်ပန်တောင်းကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ဝဲကြီးဝဲကွဲကျေးရွာကို သေနတ်ပစ်ဖောက်ဝင်ရောက်ကာ လက်ရှိချိန်ထိ တပ်ဆွဲထားကြောင်း သိရှိရပါသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက် စီးနင်းမှုကြောင်း လက်ရှိချိန်တွင် ကျေးရွာ ၉ ရွာကျော်မှ ပြည်သူ့ ၃၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

” ဆားလင်းကြီးရွာ အနီးနားက ကျေးရွာတွေ ၉ ရွာလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်။ ရွှေလှေကျေးရွာနဲ့ လက်ပန်တောင်းကျေးရွာက နေအိမ် ၂ လုံးကို မီးရှို့ ဖျက်ဆီးပြီး အခု ဝဲကြီးဝဲကွဲကျေးရွာကို တပ်ဆွဲထားတယ်လို့ သိရတယ်” ဟု ဓားမဆိုင်းတပ်မတော် အထူးတိုက်ခိုက်ရေးခေါင်းဆောင်း ဗိုလ်ထွဋ်ခေါင်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article