33 C
Yangon

မုံရွာမြို့၊ စွမ်းရည်ထက်ဆီဆိုင်အနီးတွင် ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး PDF ဟု စစ်တပ်က ဝါဒဖြန့်

Must read

မုံရွာမြို့၊ စွမ်းရည်ထက်ဆီဆိုင်အနီးတွင် ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး PDF ဟု စစ်တပ်က ဝါဒဖြန့်

ရန်ကုန်၊ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် စစ်ကောင်စီတပ်များက ပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး PDF ဟု စစ်တပ်က တယ်လီဂရမ်များတွင် ဝါဒဖြန့်ချိလျက်ရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့ မွန်းတည့် ၁၂ နာရီကျော်အချိန် စစ်ကောင်စီတပ်များနှင့် ပျူစောထီးများက ကူတောကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး လမ်းသွားလမ်းလာတချို့ကို ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် အမျိုးသား ၅ ဦးကို သတ်ဖြတ်ပြီး PDF ဟုဆိုကာ လက်လုပ်သေနတ် ၁ လက်ဖြင့် ဓာတ်ပုံ ရိုက်ကူး၍ တယ်လီဂရမ်စာမျက်နှာများမှတစ်ဆင့် ဝါဒဖြန့်ချိခဲ့ကြောင်း သိရှိရသည်။

“မနေ့က တောပုကျေးရွာက ပျူစောထီးတွေနဲ့ စွမ်းရည်ဆီဆိုင်ဂိတ်ရှေ့က စစ်ခွေးတွေပေါင်းပြီး ကူတောကျေးရွာဘက်ကို ဝင်ပြီး သောင်းကျန်းတယ်။ လမ်းသွားလမ်းလာတွေကိုလည်း ဖမ်းဆီးတယ်။အဲဒီအထဲမှာမှ အမျိုးသား ၅ ဦးကို ပစ်သတ်တယ်။ လက်လုပ်သေနတ် ၁ လက်နဲ့ ဓာတ်ပုံရိုက်ပြီး စစ်ခွေး တယ်လီဂရမ်တွေမှာ PDF တွေဆိုပြီး သ တင်း ဖြန့်တယ်။ ကျနော်တို့ သိသလောက် သေသွားတဲ့အထဲမှာ ခင်မွန်က အရပ်သား ခရီးသွားပြည်သူ ၂ ဦးပါတယ် ။ မျက်မြင်တွေအပြောအရ လမ်းသွားလမ်းလာတွေကို ဖမ်းတာက ၈ ဦးလောက်ရှိတယ်။ အဲဒီအထဲမှာ ၅ ဦးကတော့ အသတ်ခံလိုက်ရတယ်။ အလောင်းတွေကို စွမ်းရည်ထက်ဆီဆိုင်နားမှာပဲ ပစ်ထားတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီလော်ဘီများ၏ တယ်လီဂရမ်များတွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် PDF ၅ ဦး သေဆုံးသည်ဟုလိမ်လည် ဝါဒဖြန့် ထားသော်လည်း မည်သည့်တိုက်ပွဲမှ မဖြစ်ပွားကြောင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီး သတ်ဖြတ်၍ လက်လုပ်သေနတ် ဘေးချကာ ဓာတ်ပုံရိုက်ဝါဒဖြန့်ခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။

“မနေ့က အသတ်ခံရတာက ခရီးသွားတွေ။ သွားရင်းလာရင်း အဖမ်းခံရပြီး အသတ်ခံလိုက်ရတာ။ လက်လုပ်သေနတ် ၁ လက်တည်းနဲ့ စစ်ကြောင်းကို သွားပစ်မလား။ စစ်ခွေးတွေ အတော်ရက်စက်တယ်။ လမ်းတွေ့တဲ့လူကို ပစ်သတ်နေတာ” ဟု မုံရွာမြို့မှ ထောက်ပို့တစ်ဦးက ဆက်လက်ပြောဆိုသည်။

သေဆုံးသူ ပြည်သူ ၅ ဦးသည် မည်သူမည်ဝါဖြစ်ကြောင်း လက်ရှိအချိန်အထိ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article