31 C
Yangon

ဝက်လက်နှင့် ရွှေဘို မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

Must read

ဝက်လက်နှင့် ရွှေဘို မြို့နယ်တို့တွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း သိဒ္ဓိရှင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ စိုင်နိုင်ကြီးတိုက်နယ် (ပ.က.ဖ) တာဝန်ခံ ဗိုလ်သိဒ္ဓိက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၇ နာရီ ၂၉ မိနစ်ခန့်တွင် စိုင်နိုင်လေးကျေးရွာဘက်သို့ သေနတ်များ ရမ်းသမ်းပစ်ခတ်ပြီး ကျေးရွာတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို နံနက် ၇ နာရီ ၄၀ မိနစ်ခန့်တွင် ဒေသမဟာမိတ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှ မိုင်း ၃ လုံး ပဒေသာမိုင်း ၆ ပွိုင့်၊ မိုင်း ၂လုံး ရှေ့ထွက်မိုင်း ၃ ပွိုင့်နှင့် စတင် မိုင်းဆွဲ တိုက်ခိုက်ခဲ့​ပြီး စစ်သားများ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နံနက် ၈ နာရီ ၃၀ မိနစ်တွင် အဆိုပါ ဒဏ်ရာရ စစ်တပ် စစ်ကြောင်းသည် အသင့်ထောင်ထားသည့် မိုင်း ၄ လုံးပဒေသာပွိုင့် ၁၅ ပွိုင့် မိုင်းကွင်းအတွင်းကို စစ်ကြောင်း တစ်ခုလုံး ရောက်ရှိလာစဥ် ထပ်မံ၍ မိုင်းဆွဲ တိုက်ခိုက် ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

နံနက် ၉ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ စိုင်နိုင်တိုက်နယ်အတွင်းမှ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး အပြင်းအထန် ဒဏ်ရာရရှိလာသော စစ်တပ် စစ်ကြောင်းသည် ရွှေဘိုမြို့နယ် ဘုန်းဘွဲ့ကျေးရွာ အတွင်းကို ပစ်ခတ် ဝင်ရောက်ခဲ့ကြောင်း၊ နံနက် ၁၁ နာရီခန့်တွင် ဘုန်းဘွဲ့ကျေးရွာမှ အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေဘိုမြို့သို့ ထွက်ခွာလာစဥ် ရွှေဘို-မန္တလေး လမ်းပိုင်း လမ်းပိုင်း တစ်နေရာတွင် ပဒေသာမိုင်း ၃ လုံးပွိုင့် ၃ ပွိုင့်ဖြင့် ထပ်မံ မိုင်းစွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သိဒ္ဓိရှင်တိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဇာမဏီသွေးပြည်သူ့ကာကွယ်ရေးတပ်ခွဲ(ပ.က.ဖ)၊ ဒေါင်းတမာန်ပြည်သူ့ကာကွယ်ရေးတပ်ခွဲ(ပ.ကဖ)၊ ဒေါင်းစစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ခွဲ(ပ.က.ဖ)၊ အောင်မြေပြည်သူ့ကာကွယ်ရေးတပ်ခွဲ(ပ.က.ဖ)၊ ပန်းပျိုးလက်ပြည်သူ့ကာကွယ်ရေးတပ်ခွဲ(ပ.က.ဖ)၊ နဂါးရာဇာ ပြည်သူ့ကာကွယ်ရေးတပ်ခွဲ(ပ.က.ဖ)၊ ရွှေတြီဂံ ပြည်သူ့ကာကွယ်ရေးတပ်ခွဲ(ပ.က.ဖ)၊ မဟူရာဆင်ရိုင်းပြည်သူ့ကာကွယ်ရေးတပ်ခွဲ(ပ.က.ဖ)၊ ရွှေမင်းသားပြည်သူ့ကာကွယ်ရေးတပ်ခွဲ (ပ.က.ဖ)၊ ယူကရိန်းဂျစ်ကားပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘိုမြို့နယ်)၊ အောင်ဘော်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရွှေဘိုမြို့နယ်)၊ ရှင်းရှင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘိုမြို့နယ်)၊ တာနောယက္ခပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရွှေဘိုမြို့နယ်)၊ ဒေါင်းလေး (LPDF) နှင့် Buffalo LPDF တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article