21 C
Yangon

ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် အမှတ် ၄ ရပ်ကွက်ရှိ နေအိမ် ၁၀၀၀ ကျော်ကို ပုဂ္ဂလိကမြေ၌ ကျူးကျော် နေထိုင်သည်ဟုဆိုကာ စစ်တပ်က အဓမ္မ ဖယ်ရှားခိုင်း

Must read

ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် အမှတ် ၄ ရပ်ကွက်ရှိ နေအိမ် ၁၀၀၀ ကျော်ကို ပုဂ္ဂလိကမြေ၌ ကျူးကျော် နေထိုင်သည်ဟုဆိုကာ စစ်တပ်က အဓမ္မ ဖယ်ရှားခိုင်း

ရန်ကုန်၊ ဇူလိုင် ၂၂

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် အမှတ် ၄ ရပ်ကွက်ရှိ နေအိမ် ၁၀၀၀ ကျော်ကို ပုဂ္ဂလိကမြေ၌ ကျူးကျော် နေထိုင်သည်ဟုဆိုကာ အကြမ်းဖက် စစ်တပ်က အဓမ္မ ဖယ်ရှားခိုင်းကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ် ၄ ရပ်ကွက်၌ နေထိုင်သော ပြည်သူများသည် ပုဂ္ဂလိကပိုင် မြေနေရာပေါ်တွင် နေထိုင်သည်ဟုဆိုကာ အကြမ်းဖက် စစ်တပ်က ဖယ်ရှားခိုင်းပြီး စစ်တပ် သတင်းပေးများက အကြောင်းကြားစာများကို ဇူလိုင်လ ၁၇ ရက်နေ့တွင် လိုက်လံ ဖြန့်ဝေသွားကြောင်း သိရသည်။

အဆိုပါ နေအိမ် ၁၀၀၀ ကျော်ကို အကြမ်းဖက် စစ်တပ်က မည်သည့် နေ့ရက်၌ နောက်ဆုံးထား ဖျက်သိမ်းခိုင်းသည်ကို အကြောင်းကြားစာထဲတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိဘဲ မြေကွက်ပေါ်မှ အမြန်ဆုံးထွက်ခွာသွားရန်သာ ဖော်ပြထားကြောင်း သိရှိရသည်။

” အိမ်ခြေ ၁၀၀၀ နီးပါး ကို ဖျက်သိမ်း ခိုင်းနေပါတယ်။ အဲမှာနေလာတာ ၁၅ နှစ်လောက်ရှိပြီ ဘယ်နေ့ ဖျက်ရမယ်ဆိုပြီး နောက်ဆုံးရက်ရယ်လို့ မပြောထားပါဘူး။ နွားတွေက မထင်ရင် မထင်သလို ဝင် လာဖျက်ကြတာ ရပ်ကွက်ကတော့ လောလောဆယ် နေစရာ မရှိသေးတာရယ် အိမ်ငှားတွေက အဆမတန် တောင်းတာ ရယ်ကြောင့် လာဖျက်မှ ဖျက်ပါစေတော့ အိမ်ကပဲ စောင့်နေလိုက်မယ် လို့ ပြောနေကြပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article