ဖားကန့်မြို့နယ်တွင် စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ် သား ၅ ဦးသေဆုံး၊ ကမ္မမြို့အနီးတွင် စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ သေဆုံးမှုများပြား
ရန်ကုန်၊ ဇူလိုင် ၂၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ပန်းတင်တံတားရှိ အကြမ်း ဖက်စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဌာနထံမှ သိရသည်။
ယမန်နေ့ ဇူလိုင်လ ၂၁ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က အ ဆိုပါအကြမ်းဖက်စစ်တပ်စခန်းကို ကချင် လွတ်မြောက်ရေးတပ်မတော်(KIA) တပ်ရင်း ၆ မှ ဝင်ရောက်တိုက်ခိုက်ရာ ၂ နာ ရီ ကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ ပြီး စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ကာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်း အများ အပြားသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ အောင်ဂျာ ရွာသို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို မို်ငးဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။
ဇူလိုင်လ ၂၀ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က မိုးမောက်မြို့ နယ်၊ အောင်ဂျာရွာဘက်သို့ ဦးတည် ထွက်ခွာလာသော ခလရ ၂၃၆ (ဗန်းမော်/မပခ)တပ်မှ ဒုတပ်ရင်းမှူး ဦးစီးသော ခမရ ၁၀၃ (တောင်တွင်း ကြီး၊ တမခ-၈၈/လပခ)မှ တပ်သားများကို လမ်းပိုင်းတစ်နေရာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သား ၇ ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့အနီးတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်းPeople’s Defense Force – Kamma မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၂၁ ရက် နေ့က ကမ္မမြို့၊ တွင်းမရွာမှညောင် ဂျစ်ပင်ရွာဘက်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ကမ္မမြို့တစ်နေရာတွင် ရှေ့ထွက်မိုင်း ၂ လုံး၊ ပဒေ သာမိုင်း ၄ လုံးတို့ ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၆ ဦးသေဆုံးပြီး သေဆုံးအလောင်းများကို ယနေ့ဇူလိုင်လ ၂၂ ရက် နံနက်ပိုင်းတွင် ကောက်ယူသွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို People’s Defense Force– Kamma နှင့် ပခုက္ကူခရိုင် တပ်ရင်း ၁၃ ၊ ပကဖ တပ်ခွဲ ၁ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပြန်လည် ပစ်ခတ်မှုရှိသဖြင့် ၅ မိနစ်ခန့်အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။