ခင်ဦး ဆေးရုံ၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု ၂ ဦး ဒဏ်ရာရ၊ မိုင်းမောက်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၇ ဦးဒဏ်ရာရ
ရန်ကုန်၊ ဇူလိုင် ၂၃
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ဆေးရုံ၌ တပ်စွဲထားသော စစ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Mandalay People Rescue ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တပ်ဆွဲထားသော ခင်ဦးဆေးရုံကို တော်လှန်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Mandalay People Rescue(MPR)နှင့် Armed Revolutionary Force K.U (ARF ခင်ဦး) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် အောင်ဂျာရွာကို ဦးတည်ထွက်ခွာလာသော စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မိုးမောက်မြို့နယ် ၊အောင်ဂျာရွာကို ဦးတည် ထွက်ခွာလာသော ခလရ-၂၃၆ မှ ဒုတပ်ရင်းမှူးဦးစီးသော ခမရ-၁ဝ၃ မှ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။