32 C
Yangon

ကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ်ထုတ်ဝေမည့် သတင်းကြောင့် ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ၊ ကား စျေးကွက်အားလုံး အရောင်း ယာယီပိတ်

Must read

ကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ်ထုတ်ဝေမည့် သတင်းကြောင့် ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ၊ ကား စျေးကွက်အားလုံး အရောင်း ယာယီပိတ်

ရန်ကုန်၊ ဇူလိုင် ၂၃

အကြမ်းဖက် စစ်ကောင်စီက ငွေကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ်ကို ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ဝေမည်ဖြစ် ကြောင်း ကြေညာလိုက်ရာ ယင်းသတင်းကြောင့် ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေနှင့်ကားစျေးကွက်အားလုံး အရောင်း ယာယီပိတ်လိုက်ကြကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီက ငွေကျပ် ၂၀၀၀၀ တန်ငွေစက္ကူများ ထုတ်ဝေမည်ဖြစ် ကြောင်း ကြေညာလိုက်ရာ ယင်းသတင်းထွက်ပေါ်ပြီး နာရီပိုင်းအတွင်းတွင် စျေးကွက်များအားလုံးတွင် အရောင်းများ ယာယီ ပိတ်သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီနေ့ တနင်္ဂနွေနေ့ စျေးကွက်က ပုံမှန်က နားသူနားကြတယ်။ ရောင်းသူ ဝယ်သူတချို့လည်း ဝယ်ကြတာတယ်။ ဒါက ပုံမှန်အခြေအနေပါ။ အခုကတော့ ဒေါ်လာစျေးကွက်နဲ့ရွှေစျေးကွက်ကတော့ အရောင်းပိတ်သွားပြီ။ စျေးနှုန်းလည်း ခန့်မှန်းတောင် မဖွင့်ဘူး။ မနက်ဖြန်တောင် စျေးကွက်တွေ ဖွင့်နိုင်ပါမလားမသိဘူး။ ငွေစက္ကူ နှစ်သောင်းတန်ဂယက်က ဘယ်လိုပဲ အကန့်အသတ်နဲ့ ထုတ်တယ်ပြောပြော စျေးကွက်က ငွေကြေးဖောင်းပွမှုလာမယ်ဆိုတာ အားလုံးက တွက်ထားကြတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အဖွဲ့ဝင် ကုန်သည်တစ်ဦးက ပြောဆိုသည်။

လက်ရှိ အိမ်ခြံမြေစျေးကွက်တွင်လည်း တိုက်ခန်း၊ ကွန်ဒိုနှင့် အိမ်ခြံမြေ အထူးအရောင်းအဝယ် ကောင်းမွန်နေရာမှ ငွေကျပ် နှစ်သောင်းတန်သတင်းကြောင့် အရောင်းဖွင့်ထားသော တိုက်ခန်း၊ ကွန်ဒိုနှင့်အိမ်ခြံမြေတချို့ ခေတ္တယာယီ အရောင်းရပ်သွားပြီဟု သိရှိရသည်။

“တချို့ အရောင်းတင်ထားတဲ့ ကွန်ဒို၊ တိုက်ခန်းနဲ့ အိမ်ခြံမြေတချို့ စျေးနှုန်းအပြောင်းအလဲ ရှိနိုင်လို့ အရောင်းခဏ ပိတ်ပေးပါဆိုပြီး ဒီမနက်ပိုင်း ဖုန်းတွေနဲ့ Cancel လုပ်တယ်။ နှစ်သောင်းတန် သတင်းကြောင့်ပါ” ဟု ရန်ကုန်မြို့ ၊ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်တွင် တည်ရှိနေသည့် အိမ်ခြံမြေလက်ကြီး အကျိုးဆောင် စီးပွားရေးသမားတစ်ဦးက ပြောသည်။

ကားစျေးကွက်တွင်လည်း လက်ရှိ နှစ်သောင်းတန် ထုတ်ဝေမည့် သတင်းကြောင့် ရိုက်ခတ်မှုကြီးနေပြီး လက်ရှိ မြင့်တက်နေသော ကားစျေးနှုန်းများ ပိုမို မြင့်တက်လာနိုင်ကြောင်း၊ ကားအရောင်းတချို့ မရောင်းတော့ဘဲ စျေးကွက်ကို စောင့်ကြည့်ရန် အရောင်း ရပ်ဆိုင်းသွားကြောင်း သိရှိရသည်။

“Suzuki နောက်ဆုံးနံပါတ်ကားတွေက သိန်း ၁၀၀၀ ကျော်နေပြီ။ နံပါတ်အဟောင်းတွေ သိန်း ၉၀၀ လောက် တက်ခေါ်နေပြီ။ အခု အဲဒီ ဆူဇူကီး ကားတွေပါ အရောင်းပိတ်ကုန်ကြတယ်။ အခြား တစ်ပတ်ရစ်ကားတွေလည်း အရောင်း ခဏ ရပ်ထားမယ်ဆိုပြီး ဖြစ်ကုန်ကြတယ်။ ငွေကြေးဖောင်းပွမှုကို စောင့်ကြည့်ကြမယ်ထင်တယ်” ဟု မော်တော်ယာဉ် ဝယ်ရောင်းအကျိုးဆောင်တစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ငွေကျပ် ၂၀၀၀၀ တန်အသစ်ထုတ်ဝေမည့်သတင်းကြောင့် စားသောက်ကုန်များ၊ အခြား လူသုံးကုန်များ၊ ဆေးဝါးများအပေါ်ပါ သက်ရောက်မှုရှိနေပြီး စျေးနှုန်းမြင့်တက်မှုများရှိနေကြောင်း စျေးကွက်အတွင်း မှ စုံစမ်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article