28 C
Yangon

နွေဦးဖွံ့ဖြိုးရေးဘဏ်တွင် စတင်ဖွင့်လှစ်သည့် တစ်ရက်တည်း ဘဏ်စာရင်းဖွင့်လှစ်သူ ၁၀၀၀ ကျော်အထိရှိလာ

Must read

နွေဦးဖွံ့ဖြိုးရေးဘဏ်တွင် စတင်ဖွင့်လှစ်သည့် တစ်ရက်တည်း ဘဏ်စာရင်းဖွင့်လှစ်သူ ၁၀၀၀ ကျော်အထိရှိလာ

ရန်ကုန်၊ ဇူလိုင် ၂၃

အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလ ဗဟိုဘဏ်မှ စည်းမျဥ်းချမှတ်ခွင့်ပြုထားသည့် နွေဦးဘဏ်တွင် စတင်ဖွင့်လှစ်သည့် တစ်နေ့တည်း တစ်ရက်တည်း ဘဏ်စာရင်းဖွင့်လှစ်သူ ၁၀၀၀ ကျော်ထိရှိလာပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့မှ စတင်ပြီး နွေဦးဘဏ်က အကြိုကာလ စမ်းသပ် ဖွင့်လှစ်လိုက်သည့် ပထမနေ့၌ နွေဦးဘဏ်စာရင်းဖွင့်သူပေါင်း ၁၀၀၀ ပြည့်ခဲ့ပြီး နွေဦးဘဏ်ကို လူမှုကွန်ယက်မှ အားပေးဝန်းရံသူ ၁၀၀၀၀ ကျော်ထိရှိ​လာပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး ပြည်သူများအနေနှင့် စစ်အာဏာရှင်အပြီးတိုင် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ကျရာကဏ္ဍမှ ပူးပေါင်းပါဝင်ကြဖို့ ထပ်မံတိုက်တွန်းလိုကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။

နွေဦးဘဏ်သည် ငွေကြေးစနစ်စုံလင်သည့် Multi-Currency Digital Bank ဖြစ်ပြီး ရှုထောင့်ယန္တရား၊ ယဥ်ကျေးမှုသဏ္ဍာန် စုံလင်ကာ ဘက်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှု များစွာလိုအပ်ကြောင်း၊ “လွတ်လပ်ဧကန် နွေဦးဘဏ်” ဆိုသည့် ဆောင်ပုဒ်နှင့် အညီ လုံခြုံလွတ်လပ်ခြင်းကို မြတ်နိုးသည့် ပြည်သူများကို ဝန်ဆောင်မှုပေးနိုင်ရန် နွေဦးဘဏ်၏ ပဓာနဂုဏ် ရည်မှန်းချက်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နွေဦးဘဏ်ကို ပြည်တွင်းပြည်ပမှ ခေတ်ပေါ် နည်းပညာရှင်၊ ဘဏ္ဍာရေးဆိုင်ရာ အသိပညာရှင်များနှင့် အတူ ပြင်ဆင် ဆောင်ရွက်ထားခြင်းဖြစ်ပြီး လက်ရှိငွေကြေးအကျပ်အတည်း၊ အချိန် အကန့်အသတ်များ ကြားမှ ပြည်သူလူထုအားလုံး ကြုံတွေ့နေရသည့် အခက်အခဲများစွာကို လွှမ်းခြုံပြီး ဘဏ်ဝန်ဆောင်မှု ပေးနိုင်ရန် အတွက် မူဝါဒဆိုင်ရာ ချမှတ်ရေးဆွဲတာများ၊ ၀န်ဆောင်မှုအသစ်မျ ဖန်တီးရတာများ၊ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုများနှင့် သမားရိုးကျဘဏ်လို မဟုတ်သည့်အတွက် စနစ်တကျ တဆင့်ချင်း အကောင်အထည်ဖော် စီစဥ်ရခြင်းမျိုး ရှိကြောင်းသိရသည်။

နွေဦးဘဏ်ကို အားပေး ၀န်းရံခဲ့သူများကို ကျေးဇူးတင်ရှိကြောင်းနှင့် များမကြာမီ အချိန်၌ လက်ရှိ ပဏာမအဆင့် beta အား တည်ငြိမ်စွာလည်ပတ်နိုင်ပြီး Full Launch ကာလရောက်လျှင် ပိုမိုကောင်းမွန်သည့် ဘဏ္ဍာစီမံနိုင်ရေး အနာဂတ်တစ်ခုအတွက် သူငယ်ချင်းမိတ်ဆွေ၊ မိသားစု၊ ဆွေမျိုးသားချင်းတွေကိုလည်း နွေဦးဘဏ်နှင့်အတူ လက်တွဲခေါ်ပေးကြပါလို့ ထပ်မံ တိုက်တွန်းနှိုးဆော်အပ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article