ပေါင်မြို့နယ်၊ အအေးသောက်နေသည့် နယ်ထိန်းရဲ ဖြိုးဇော်အောင်နှင့် သူငယ် ချင်းတို့ ပစ်ခတ်ခံရပြီးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေး ကျော်ကြီးစားသောက်ဆိုင်တွင် အအေးသောက်နေသည့် နယ်ထိန်းရဲ ဖြိုးဇော်အောင်နှင့် သူငယ်ချင်းတို့ ပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်း သိရှိရသည်။
ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် ပေါင်မြို့နယ်၊ ဥတ္တံတား ကျေးရွာ၊ မော်လမြိုင်-ရန်ကုန်ကားလမ်းဘေးရှိ ကျော်ကြီး စားသောက်ဆိုင်အတွင်း အအေးသောက်နေသည့် ဇင်းကျိုက်ရဲစခန်းမှ နယ်ထိန်း ရဲတပ်သား ဖြိုးဇော်အောင် နှင့် သူငယ်ချင်း စည်သူ တို့ ၂ ဦးကို သေနတ်သမားများက ပစ်ခတ်ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး ဥတ္တံတားအတွင်းရွာဘက် အပါအဝင် ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။