33 C
Yangon

ခင်ဦးနှင့်ရွှေဘိုရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရ၊ ကျေးရွာ ၆ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ခင်ဦးနှင့်ရွှေဘိုရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦး ဒဏ်ရာရ၊ ကျေးရွာ ၆ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဇူလိုင် ၂၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် နှင့် ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေဦးမြို့နယ် အခြေပြု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရေဦးမြို့က ထွက်လာသည့် အကြမ်းဖက် စစ်တပ်၏ ခမရ – ၇၀၂ နှင့် ၇၀၈ စစ်ကြောင်းသည် ခင်ဦးမြို့နယ် အနောက်ခြမ်း မြင်းဒေါင်းရွာ၌ ညအိပ် တပ်စွဲခဲ့ကြောင်းသိရသည်။

ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ အကြမ်းဖက် စစ်တပ်စ စ်ကြောင်းသည် သိန်တော်ရွာတောင်ဘက် ဘုရားသို့ ရောက်ရှိလာပြီး ၁၂၀ မမလက်နက်ကြီးများဖြင့် ရွှေယမင်းရွာဘက်ကို ပစ်ခတ်ခဲ့သောကြောင့် ရွှေယမင်းရွာမှ အသက် ၁၁ နှစ်အရွယ် မောင်ကံချွန်၊ အသက် ၄၃ နှစ်အရွယ် ဒေါ်အေးခိုင်နှင့် အသက် ၂၃ နှစ်အရွယ် ကိုဇေယျာဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိအချိန်၌ ခင်ဦးမြို့နယ် တယ်ဘိုပင်ရွာမှ ရွှေဘိုမြို့နယ် သရက်ပင်ဝန်းရွာကို စက်လက်နက်များ ပစ်ခတ်ကာ ဝင်ရောက်လျက်ရှိပြီး ခင်ဦးမြို့နယ်အတွင်းမှ ရွှေယမင်း သိမ်တော်၊ ကြာပင်အိုင်၊ ကံကြီးကုန်း၊ တယ်ဘိုပင်နှင့် ရွှေဘိုမြို့နယ်မှ သရက်ပင်ဝန်းရွာမှ ဒေသပြည်သူ ၅၀၀၀ ကျော်သည် ဘေးလွတ် ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

” အခုလက်ရှိ စစ်ကြောင်းက ခင်ဦးနယ် တယ်ဘိုပင်ရွာကနေ ရွှေဘိုနယ် သရက်ပင်ဝန်းရွာကို စက်လက်နက်များ တရစပ်ပစ်ခတ်ပီး ဝင်နေပြီ စစ်ခွေး အင်အား ၁၂၀ လောက်ရှိတယ်။ ကျေးရွာ ၆ ရွာက ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်” ဟု People’s Defense Comrade ပြန်ကြားရေး တာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။

Photo – Farmer Heroes

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article