30 C
Yangon

ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင် မိုင်းရှင်းရန်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး

Must read

ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင် မိုင်းရှင်းရန်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းတွင် မိုင်းရှင်းရန်လာသည့် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Young Force (UG) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းတွင် ပခုက္ကူ-ရေစကြိုလမ်းပိုင်း၌ ဖောက်ခွဲတိုက်ခိုက်မှုအပြီး မပေါက် ကွဲပဲ ကျန်ရှိနေသော မိုင်းများကို လမ်းပိတ်ကာ မိုင်းရှင်လင်းပြီးနောက် ပြန်အထွက်တွင် နောက်ထပ် ထောင်ထားသော မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိပြီး သေဆုံးအလောင်းများကို ချက်ချင်းကောက်ယူနိုင်ခြင်း မရှိပဲ နာရေးကား မလာခင် အထိ မိုးကာဖြင့် အုပ်ထားကြောင်း သိရသည်။

“မနေ့က မိုင်းပွိုင့် ၃ ပွိုင့်ထောင်ထားတာ၊ ၂ ပွိုင့်ကတော့ ပေါက်ကွဲသွားတယ်၊ အဲဒီမှာလည်း သေဆုံး ဒဏ်ရာရတာတွေရှိတယ်၊ ဒါပေမယ့် သေသေချာချာ တိတိကျကျမရဘူး၊ အဲဒီမှာမှာ မိုင်းပွို်င့တစ်ပွိုင်က မပေါက်ကွဲပဲကျန်နေတာ၊ အဲဒီကျန်နေတဲ့မိုင်းကို ဒီနေ့လမ်းပိတ်ပြီးလာရှင်းတာ၊ သူတို့ရှင်းပြီးတော့ ပြန် ထွက်တဲ့အချိန်မှာ တခြားနေရာမှာထောင်ထားတဲ့မိုင်းတစ်ပွိုင့်နဲ့ တိုက်ခိုက်ခဲ့တာပါ” ဟု Young Force (UG)တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြိုနယ် ပကဖ တပ်ခွဲ(၂) Young Force (UG)နှင့် Shwe Nyar Myae(PDF) တိုမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article