မေမြို့ သပိတ်အင်အားစုက စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၂၃
မေမြို့ သပိတ်အင်အားစုက ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကိုဂျင်မီ ၊ ကိုဇေယျာသော် ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ မတရားကြိုးပေး သတ်ဖြတ်ခံရသည့် ၁ နှစ်ပြည့်နေ့အဖြစ် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။