24 C
Yangon

သံတောင်ကြီးရှိ ယာဒိုရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု ကက်သလစ် သီလရှင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

သံတောင်ကြီးရှိ ယာဒိုရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု ကက်သလစ် သီလရှင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

■ ပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရ

ရန်ကုန်၊ ဇူလိုင် ၂၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ယာဒိုရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲခြင်းကြောင့် ကက်သလစ် သီလရှင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သံတောင်ကြီးမြို့နယ်ရှိ ယာဒိုကျေးရွာကို တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ကျေးရွာရှိ ကက်သလစ် သီလရှင်​ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

” ရှမ်း-ကရင် နယ်စပ်က ယာဒိုကျေးရွာကို ၂၃ ရက်နေ့မှာ စစ်ခွေးတွေက တိုက်လေယာဥ်နဲ့ ယာဒိုကျေးရွာ ကက်သလစ် သီလရှင်ကျောင်းကို ဗုံးလာကျဲသွားတယ်။ နေအိမ်တွေပါ ထိခိုက်ပျက်စီးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာအနီး ဇူလိုင်လ ၁၁ ရက်နေ့က စတင်ကာ လက်ရှိချိန်ထိ တိုက်ပွဲပြင်းနေပြီး အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်များဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေပြီး ကျေးရွာနေ ပြည်သူ ၂၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article