28 C
Yangon

သရက်ချောင်းရှိ ရငဲရွာသား ၄ ဦးကို စစ်တပ်က ဖမ်းဆီးနှိပ်စက်၊ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေ

Must read

သရက်ချောင်းရှိ ရငဲရွာသား ၄ ဦးကို စစ်တပ်က ဖမ်းဆီးနှိပ်စက်၊ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေရပြီး ဆေးဝါး၊ ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေ

ရန်ကုန်၊ ဇူလိုင် ၂၄

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ရငဲရွာသား ၄ ဦးကို စစ်တပ်က ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် သရက်ချောင်းမြို့နယ်၊ ရငဲရွာရှိ လယ်ထဲ၌ အလုပ်လုပ်နေသည့် ကျေးရွာသား အမျိုးသား ၄ ဦးဖြစ်သည့် ဦးသန်းလှ၊ ဦးကျော်ဝင်း၊ ကိုဇေယျာဥ်ဦးနှင့် ကိုမဲကျော်တို့ ၄ ဦးကို မြွေတောင်ပေါ်၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ရိုက်နှက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူ ၄ ဦးကို အကြမ်းဖက် စစ်တပ်က ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သော်လည်း စစ်သားများ၏ နှိပ်စက်မှုကြောင့် အသက် ၅၀ ရွယ် ဦးကျော်ဝင်းသည် ဒဏ်ရာ အပြင်းထန်ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ရငဲရွာ၌ အကြမ်းဖက် စစ်တပ်က ဇွန်လပိုင်းက စတင်ကာ တပ်စွဲထားခြင်းဖြစ်ပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရသည်မှာ အချိန်ကြာမြင့်လာသောပြီး မိုးရာသီကာလ ဖြစ်သောကြောင့် ဖျားနာရောဂါများ ခံစားနေရကာ အရေးပေါ် ဆေးဝါး၊ ရိက္ခာနှင့် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ရွာထဲပြန်ဝင်လာသည့် ပြည်သူများကို ဝင်ခွင့်မပေးဘဲ သေနတ်ဖြင့် လိုက်လံ ပစ်ခတ်မှုများ ပြုလုပ်သောကြောင့် ကျေးရွာနေ ပြည်သူများသည် တောတောင်များအတွင်း စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article