26 C
Yangon

ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံး

Must read

ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၄

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်တပ်ရင်း ၆ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၂၇ မိနစ်ခန့်တွင် ကန်ပက်လက်မြို့နယ်၊ မောချောင်းရွာနှင့် လှိုင်ဒုတ်ရွာ အကြား အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့​ပြီး မင်းဘူးခရိုင် တပ်ရင်း ၆ မှ ရဲဘော် ၁ ဦး ၊ CDF မှ ရဲဘော် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်တပ်ရင်း ၆ ၊ ခေါနု CDF ၊ ကန်ပက်လက် CDF မဟာမိတ်တပ်ပေါင်းစု ၅ ရင်း တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article