25 C
Yangon

ချင်းပြည်နယ်၊ ကန်ပက်လက်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး

Must read

ချင်းပြည်နယ်၊ ကန်ပက်လက်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၆

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် အင်အား ၁၀၀ ခန့် စစ်တပ် စစ် ကြောင်း ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ စစ် တပ်ဘက်မှ ၂၀ ဦးသေဆုံးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇူလိုင်လ ၂၄ ရက်နေ့၊ နံနက် ၈ နာရီ ၂၇ မိနစ်မှ နံနက် ၈ နာရီ ၅၂ မိနစ် အချိန် အထိ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မောချောင်းနှင့် လှိုင်ဒုတ် အကြား စစ်ကောင်စီ တပ်မ ၈၈ ၊ ခလရ ၃၀၄ ပူးပေါင်းအင်အား ၁၀၀ ခန့် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်များက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး PDF မဟာမိတ် တပ်သား ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ထို့အတူ ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန် စစ်ကောင်စီတပ်၏ တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁(၊ ၃၁၇ ပူးပေါင်းတပ်အင်အား ၁၅၀ ခန့်ပါ စစ် ကြောင်းကို လဲပုံးလမ်းခွဲ အနီး PDF မဟာမိတ်ပူးပေါင်းတပ်များက ထပ်မံ စောင့်ကြိုပစ်ခတ်ခဲ့ရာ စစ်တပ်ဘက်မှ စစ်သား ၁၀ ဦး ထပ်မံသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF မဟာမိတ်ပူးပေါင်းတပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်)ရခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များက မကွေးတိုင်းအနောက်ခြမ်းဒေသနှင့်ချင်းပြည်နယ်ကို စိုးမိုးထိန်းချုပ်ရန် တပ်အင်အားအများအပြား၊ လက်နက်ကြီး၊ လေကြောင်း ပစ်ကူများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း ပြည်သူ့ကာကွယ် ရေးတပ် မတော်သားများနှင့်မဟာမိတ်တပ်သားများက လက်တွဲညီညီ ရင်ဆိုင်တိုက် ခိုက်လျက်ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ကြသော မဟာမိတ်ပူးပေါင်းတပ်များတွင် ပြည် သူ့ကာကွယ်ရေးတပ်မတော် ၊အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင် တပ်ရင်း ၆၊ မင်းဘူး ခရိုင် တပ်ရင်း ၃ ၊ CNA/CDF ကန်ပက်လက် နှင့် CDF ကန်ပက်လက် ခေါနု တပ်ခွဲ တို့ပါဝင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article