ရေစကြိုမြို့နယ်၊ ရှင်မတောင်ရှိ စစ်တပ် အထိုင်စခန်းကို ရိက္ခာလာပို့သည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးခန့်သေဆုံးနိုင်
ရန်ကုန်၊ ဇူလိုင် ၂၆
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်ရှိ အကြမ်းဖက် စစ်တက် အထိုင်တပ်စခန်းကို လက်နက် နှင့် ရိက္ခာများ လာ ရောက်ပို့ဆောင်သည့် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦးခန့်သေဆုံးနိုင်ကြောင်း Young Force UG တပ်ဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလိုင်လ ၂၄ ရက် ညနေပိုင်းက ရေစကြိုမြို့၊ ဖူလုံရေးတပ်မှ ရိက္ခာတင်ယာဉ် ၂ စီး၊ ခြေလျင်အင်အား ၈၀ ခန့်ပါ အကြမ်းဖက်စစ်ကောင်စီတပ် ရိက္ခာပို့စစ်ကြောင်းကို ရှင်မတောင်အတက်လမ်းပိုင်းတနေရာ၌ ပေ ပါမိုင်းဆွဲပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်း ဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကား ၂ စီးမှာနေရာ ၌ပင်ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ၁၀ ဦးထက်မနည်းသေနတ်ထိမှန်လဲကျကာ သေဆုံး ကြောင်း သိရသည်။
“ရေစကြိုဘက်က လာတာ၊ ဖူလုံတပ်က ဖြစ်ဖို့များတယ်၊ ခြေလျင်စစ်ကြောင်းနဲ့ ကား ၂ စီးနဲ့လာတာ၊ ရိက္ခာတွေက ကားပေါ်မှာတင်ထားတာ၊ မိုင်းဆွဲပြီးတော့ ကားပျက်သွားတယ်၊ ပျက်သွားတဲ့ကားကို ပြင် ပြီးတော့ တောင်ပေါ်တက်သွားတယ်၊ တိုက်ပွဲကတော့ မိနစ် ၂၀ လောက်ပဲကြာမယ်၊ စစ်ခွေး ၁၀ ကောင် ကတော့ တိုက်ပွဲထဲမှာ ပစ်ခတ်နေရင်း တခါတည်းလဲကျသွားတာဆိုတော့ သေဖို့များတယ်၊” ဟု Young Force UG တပ်ဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း ၁၇ ၊တပ်ခွဲ ၃ ၊ ပခုက္ကူခရိုင် တပ်ရင်း ၃ ၊ ပခုက္ကူမြို့နယ် ပကဖ၊တပ်ခွဲ ၂ Young Force UG ၊ Steel Hawk ၊ MRTF ၊ Shwe Darr Bo တပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်း၌ ရှင်မတောင်ပေါ်မှ ရိက္ခာပို့ပြီး ပြန်ဆင်လာသော အကြမ်းဖက်စစ် တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲဖြစ်နေကြောင်း ၊ ပခုက္ကူမြို့မှ မြိုင်မြို့သို့ ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည်လည်း မြိုင်သို့ ရောက်ရှိခြင်းမရှိသေးပဲ လှည့်ပတ်နေကြောင်း သိရသည်။