27 C
Yangon

ရန်ကုန်-မန္တလေး လမ်းဟောင်းအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦး သေဆုံးပြီး အလောင်း ၁ လောင်းနှင့် လက်နက်များ သိမ်းဆည်းရရှိ

Must read

ရန်ကုန်-မန္တလေး လမ်းဟောင်းအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၀ ဦး သေဆုံးပြီး အလောင်း ၁ လောင်းနှင့် လက်နက်များ သိမ်းဆည်းရရှိ

■ ရင်ဆိုင်တိုက်ပွဲ ၃ လအတွင်း စစ်တပ်ဘက်မှ ၅၀ ဦးခန့်သေဆုံးခဲ့

ရန်ကုန်၊ ဇူလိုင် ၂၆

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့၊ ရန်ကုန်-မန္တလေးလမ်း ဟောင်း အနီးတွင် ၁ ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံးကာ အလောင်း ၁ လောင်းနှင့် လက်နက်များ သိမ်းဆည်းရရှိကြောင်း Royal Peacock Column _တော်၀င်ဒေါင်း စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၅ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်မှ ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအထိ ရန်ကုန်-မန္တလေး လမ်းဟောင်းအနီး ပိန်းဇလုပ် မြို့ အတွင်းရှိ ရေတွင်းကုန်ကျေးရွာ အနီးတွင် Royal Peacock Column _တော်၀င်ဒေါင်း စစ်ကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး အလောင်း ၁ လောင်း၊ G-3 အမျိုးစား သေနတ် ၁ လက်၊ယင်း သေနတ်ကျဉ်အိမ် ၄ ခု ၊ ကျဉ်ဆန် ၁၅၀ ၊ ၆၀ မမ ဗုံးသီး ၁ လုံးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ ၃၀ ဦးခန့်ဒဏ်ရာရရှိခဲ့ပြီး PDF များဘက်မှ ရဲဘော် ၃ ဦး ခန့်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုအချိန်ထိ စစ်ကြောင်းအနေဖြင့် နယ်မြေ စိုးမိုးရေးလှုပ်ရှားမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

“သေသွားတဲ့ စစ်ကောင်စီတပ်ဘက်က အလောင်း ၁ လောင်းရဲ့ ကျည်ကာ Equipment သေနတ်တွေက တော့ ရဲတပ်ရင်းတွေ ရဲတွေရဲ့ ဟာတွေ ဖြစ်တဲ့အတွက် အကြမ်းဖြင်း အရတော့ သေဆုံးသူက ရဲတပ်ဖွဲ့ဝင်လို့ ပြောလို့ ရပါတယ်။ ကျွန်တော်တို့တပ်ရင်းနဲ့ ထိတွေ့တိုက်ပွဲငယ်တွေက ခဏခဏဖြစ် နေတာ အခုမှ တိုက်ပွဲသတင်း ထုတ်ပြန်တာဖြစ်တာပါ။ ရင်ဆိုင်ဖြစ်ပွားနေ တာကတော့ ၃လ လောက်ရှိပြီးတော့ စစ်တပ်ဘက်က ၅၀ဦးလောက်သေဆုံး တယ်လို့ ခန့်မှန်းပါတယ်။ ဒဏ်ရာရရှိမှုကတော့ ၈၀ဦးလောက် ရှိမယ်” ဟု Royal Peacock Column _တော်၀င်ဒေါင်း စစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ရှိ သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article