ရေစကြိုတွင် ရိက္ခာလာပို့သည့် စစ်ကြောင်းကို အနီးကပ်ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ ကမ္မမြို့အနီးတွင် စစ်ကားတစ်စီးကို တိုက်ခိုက်မှု ၅ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၆
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရှင်မတောင်ပေါ်သို့ ရိက္ခာပို့ပြီး ပြန်ဆင်းလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ရေစကြို PDF မှ တာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၂၆ ရက် နံနက်ပိုင်းက ရှင်မတောင်ပေါ်ရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ရိက္ခာ များ ပို့ဆောင်ပြီး ပခုက္ကူသို့ ပြန်ဆင်းလာသော အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်း စစ်ကြောင်း ကို ချင်းယားကုန်းကျေးရွာနှင့် ထန်းတိုကျေးရွာကြားအရောက် တိုက်ခိုက်ရန် ပြင်ဆင်ထားသော မိုင်း ကြိုးဖြုတ်ယူနေသည့် စစ်သား ၃ ဦးကို အနီးကပ်ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့ကြောင်း သိရသည်။
“ရှေ့ကနေ တက်လာတာက ၇ ကောင်ပေါ့၊ ဒါ့ပေမယ့် မိုင်းကြိုးတွေကို ဝင်ဖြုတ်တာက ၃ ကောင်ပဲ ၊ အဲဒီ ၃ ကောင်ကို ပေ ၅၀ အကွာလောက်ကနေ အနီးကပ်ပစ်ခတ်ဆော်ခဲ့တာ၊ ပွဲချင်းပြီးသေတယ်၊ ပြီးနောက် ကျန်တဲ့ စစ်ခွေးတွေနဲ့ အပြန်အလှန်တိုက်ပွဲဆက်ဖြစ်တာ၊ နာရီဝက်လောက်ကြာခဲ့တယ်၊ ကျနော်တို့ရဲ ဘော်တွေက လက်ဦးမှုရယူပြီး အပိုင်ပစ်ခဲ့ရတာဆိုတော့ အထိအခိုက်မရှိခဲ့ပါဘူး၊ စစ်ခွေးတွေ တာအို တာဝါတိုင်ဘက်ကနေ ပခုက္ကူကို ပြန်တဲ့အချိန်မှာခေါင်းပတ်တီးစီးထားတာတွေရော၊ လက်မောင်းပတ် တီးစီးထားတာတွေရော ဒဏ်ရာရတဲ့သူတွေ ၁၀ ယောက်ကျော်လောက်ရှိတယ်လို့ သိရတယ်” ဟု ရေစကြို ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက် စစ်ကြောင်းသည် ဇူလိုင် ၂၄ ရက်နေ့က ရေစကြိုမြို့နယ်၊ ရှင်မတောင်တောင်ပေါ် သို့ ရိက္ခာပို့ရန် ပခုက္ကူမြို့၊ တပ်မ ၁၀၁ စစ်သားများနှင့် ဆင်ချောင်းကျေးရွာမှ ပျူစောထီးများ ပူးပေါင်း ကာ ခြေလျင်အင်အား ၇၀ ခန့်၊ ဖောကား နှစ်စီးဖြင့် ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ ရှင်မတောင်ပေါ်သို့ အတက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစ်စီးပျက်စီးပြီး ရှင်မတောင်တဝက်၌ ရိက္ခာများ လှဲလှယ်ကာ ပြန်ဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုမြိုနယ်(ပ.က.ဖ)နှင့်အတူ ပခုက္ကူ ခရိုင် တပ်ရင်းအမှတ် ၉ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး များမှာ ယနေ့ ညပိုင်းတွင် ပခုက္ကူမြို့၊တပ်မ ၁၀၁ အတွင်းသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
အလားတူ ပခုက္ကူမြို့နယ်၊ ကန်တော်ရွာနှင့် ကမ္မမြို့ကြား၌ အကြမ်းဖက်စစ်ကားတစ်စီးကို ဝိုင်းဝန်းပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ၊ ပျူစောထီး ၅ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၂၅ ရက် ညနေ ၄ နာရီခွဲခန့်က ပခုက္ကူမြို့နယ်၊ တင်းဂတ်စစ်ဆေးရေးဂိတ်မှ မောင်း နှင်လာသော အာရာဖတ်အဖြူရောင်ယာဉ်တစ်စီးကို ကန်တော်ရွာနှင့် ကမ္မမြို့ကြားအရောက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များမှ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦး၊ ရဲ ၁ ဦး ပျူစောထီး ၂ ဦးသေဆုံးပြီး စစ်သားတစ်ဦးသာ လွတ်မြောက်သွားကြောင်း၊ သေဆုံးစစ်သား၊ ရဲ၊ ပျူစောထီးများကို ကမ္မရဲစခန်းအတွင်း၌ထားပစ်ခဲ့ပြီး မြှုပ်နှံသင်္ဂြိုလ်လိုက်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မြိုင် ပကဖတပ်ရင်း-၁ တပ်ခွဲ ၅ တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်သား၊ ရဲ၊ ပျူစောထီးများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်တိုက်ခိုက်နေဖြင့် အမြန်ဆုံးအမြင်မှန်ရ ကာ ပြည်သူ့ဘက်သို့ ကူးပြောင်းကြပါရန် သတိပေးထားသည်။
