28 C
Yangon

ချောက်မြို့ပေါ် မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်တပ်ကို လက်ပစ်ဗုံးဖြင့် တိုက် ခိုက်မှု စစ်သား တစ်ဦး ဒဏ်ရာရ၊ မြိုင်မြို့ပေါ်ရှိ စစ်တပ် ဂိတ်ကို PDF များ ဝင်ရောက်တိုက်ခိုက်

Must read

ချောက်မြို့ပေါ် မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်တပ်ကို လက်ပစ်ဗုံးဖြင့် တိုက် ခိုက်မှု စစ်သား တစ်ဦး ဒဏ်ရာရ၊ မြိုင်မြို့ပေါ်ရှိ စစ်တပ် ဂိတ်ကို PDF များ ဝင်ရောက်တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၆

မကွေးတိုင်း၊ ချောက်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်စောင့် အကြမ်းဖက် စစ်သားများကို လက်ပစ်ဗုံး နှစ် လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ တစ်လုံးပေါက်ကွဲပြီး စစ်သား ၁ ဦးအပြင်းအထန်ဒဏ်ရာရှိခဲ့ကြောင်း Chauk Guerilla Force-CGF ဒုခေါင်းဆောင် ဗိုလ်ပေတက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယနေ့ ဇူလိုင်လ ၂၆ ရက် ည ၈ နာရီခန့် ၁၅ မိနစ်ခန့်က ချောက်မြို့၊ မြန်မာ့စီးပွားရေးဘဏ်ရှိ အကြမ်း ဖက်စစ်သားများ နေထိုင်ရာ ဘန်ကာအတွင်းသို့ မြို့ပြပြောက်ကျား လျှပ်တပြက်စစ်ဆင်ရေးအဖြစ် လက် ပစ်ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ပထမ တစ်လုံးမှာ Error တက်ပြီးပေါက်ကွဲခြင်းမရှိခဲ့ကြောင်း၊ ဒုတိယ တစ်လုံးထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေထိုင်ရာ ဘန်ကာအတွင်းသို့ တည့် တည့်ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်သားတစ်ဦး ဗုံးစထိမှန်လဲကျသွားသည်ကို မျက်မြင်တွေ့ရှိခဲ့ရကြောင်း သိရသည်။

“စစ်ခွေးတစ်ကောင် က သေ၊ မသေတော့ အတည်ပြုမရသေးဘူးဗျ၊ ဘဏ်မှာက အနည်းဆုံး ၅ ယောက် နဲ့ အများဆုံး ၇ ယောက်လောက်တော့ရှိတယ်၊ ပြန်ပစ်ခတ်တာမျိုး မရှိဘူးဗျ၊ အခုတော့ လုံခြုံရေးတွေ အပြည့်ထပ်တိုးယူထားတယ်လို့ သိရတယ်ဗျ”ဟု Chauk Guerilla Force-CGF ဒုခေါင်းဆောင်ဗိုလ်ပေတ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့(Chauk Guerilla Force-CGF) ချောက် ပကဖ နှင့် Burma Revolution Rangers တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့သို့ မြန်မာ့စီးပွားရေးဘဏ်ကို တိုက်ခိုက်ရခြင်းမှာ တရားမဝင် အကြမ်းဖက်စစ်ကောင်စီက လုပ်ပိုင်ခွင့် မရှိသော ငွေစက္ကူ(နှစ်သောင်းတန်) ထုတ်ဝေမှုကြောင့် ဒုက္ခရောက်နေကြသည့် ပြည်သူလူထုမှာ ပိုမို ဒုက္ခရောက်ကြရပြီး ငွေကြေးဖောင်းပွမှုဖြစ်စေသော ငွေစက္ကူ ထုတ်ဝေမှုကို မတရားအာဏာ အသုံးပြု ကာ ထုတ်ဝေမည်ဟု ကြေညာခဲ့သဖြင့် ပစ်ခတ်တိုက်ခိုက်ရခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း ရရာ နည်းလမ်းပေါင်းစုံဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အလားတူ ဇူလိုင်လ ၂၆ ရက်နေ့ ည ၆ နာရီ ၄၈ မိနစ်အချိန် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ မြိုင်မြို့ စီမံခန့်ခွဲရေးရုံး၊ စစ်တပ်ဂိတ်ကို မြိုင် ပကဖ တပ်ရင်း ၃၊ မြိုင် ပကဖ ဗိုလ်လင်းမြွေအဖွဲဦးဆောင်ပြီး၊ M ဒေါင်းနီအဖွဲ့ နှင့် Hero အဖွဲ့တို့က ပူးပေါင်း၍ လက်နက်ကြီးများပစ်ကူပေးကာ လက်နက်ငယ်များဖြင့် အနီးကပ်ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း၊ စစ်သားများ ထိခိုက်မှု စုံစမ်းဆဲဖြစ်ကြောင်း မြိုင်ပကဖထံမှ သိရှိရသည်။

ဓာတ်ပုံ- မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article