24 C
Yangon

ပုလဲမြို့နယ်၊ ကန်ထောင့်ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

Must read

ပုလဲမြို့နယ်၊ ကန်ထောင့်ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၆

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ထောင့်ရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၄ ရက်နေ့ ည ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သား ၁၀၀ ခန့် တပ်စွဲထားသော ပုလဲမြို့နယ်၊ ကန်ထောင့် ရဲစခန်းကို လက်လုပ် ၆၀ မမ ၊ ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီး အလုံးပေါင်း ၆၀ ခန့်ဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ည ၁၂ နာရီ ၄၀ မိနစ်ခန့် တွင်ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ကန်ထောင့် ရဲစခန်း၌ တပ်စွဲထားသော စစ်သား ၁ ဦးသေဆုံးကာ ၁ ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သား အလောင်းနှင့် ဒဏ်ရာရရှိသွားသော စစ်သား ၁ ဦးကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် Mi 35 အမျိုးစား ရဟတ်ယာဥ်ဖြင့် ပုလဲမြို့မှ မုံရွာမြို့သို့ သယ်ဆောင်သွား​ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်းအမှတ် ၃ဝ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် တပ်ခွဲ ၄ Black Shadow PDF ၊ B.E.D ငညို ၊ MRDA တပ်ရင်း ၆ တပ်ခွဲ ၁ စွန်ရဲ ၊ တပ်ရင်းအမှတ် ၂၉ တပ်ခွဲ ၅ Golden Star Force၊ ဒေါင်းမင်း စစ်ကြောင်း အညာဒေသတပ်ခွဲ ၊ မိုးသောက်ကြယ် (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ၊ SBTF (Salingyi Border Task Force) ၊ ပ.က.ဖ FBGA ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ အာဠာဝက LPDF ၊ တောသားကြီးပြည်သူ့ကာကွယ်ရေး အဖွဲ့ ၊ နယ်စည်းမခြား ဇာမဏိ ပြောက်ကျား ၊ Eagle ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ G.T.F ခွဲ(၂) ယက္ခညီနောင် ၊ တောကျီးကန်း ပြည်သူ့ကာကွယ် ရေး အဖွဲ့ ၊ စစ်ကျွန်မခံ မြွေဆိုးတသိုက် LPDF ၊ မင်းလက်ဝါး ပုလဲမြေပြင် ပျောက်ကြားအဖွဲ့ဆည်တော်ဦး ၊ မုံရွာ- သေမင်းတမာန် (ဖ.ဝ.တ) တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article