31 C
Yangon

ကွက်ခိုင်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး အသက် ၉ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် ၆ ဦးဒဏ်ရာရ

Must read

ကွက်ခိုင်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး အသက် ၉ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် ၆ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၂၇

ရှမ်းပြည်နယ်​၊ ကွက်ခိုင်မြို့နယ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး အသက် ၉ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ မယိင်းလျန်းဟန် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၈ ရက်နေ့ညပိုင်းတွင် အင်အား ၁၀၀ ဝန်းကျင်ခန့်ဖြင့် လာရှိုးမြို့အခြေစိုက် ခမရ ၅၀၇ တပ်နှင့် သိန္နီအခြေစိုက် ခလရ ၆၉ တပ်မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့အနီး မန္တလေး-မူဆယ် လမ်းမကြီးဘေးတလျှောက် လှုပ်ရှားလာခဲ့ရာ KIA တပ်ဖွဲ့မှ ချုံခိုတိုက် ခိုက်ခဲ့ရာမှ တိုက်ပွဲများစတင်ခဲ့ကြောင်း၊ ထို့နောက် ဇူလိုင်လ ၁၀ ရက် ၁၁ ရက်နေ့အထိ တိုက်ပွဲများ ဆက် လက်ပြင်းထန်ခဲ့ပြီး သိန္နီမြို့နယ် မဘိမ်းကျေးရွာမှ ကွက်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာများအထိ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

“မနေ့ကပဲ အိမ်ပြန်ကြည့်တဲ့ ရွာလူကြီးတစ်ယောက်ကို စစ်တပ်က ရိုက်နှက်နှိပ်စက်တဲ့ ဖြစ်စဉ် တစ်ခုရှိ တယ်၊ တိုက်ပွဲတွေက အရမ်းကြီးကြီးမားမားမရှိတော့ပေမယ့် ကြိုးကြား ကြိုကြား ထိတွေ့တိုက်ပွဲတွေ တော့ ဆက်ရှိနေတုန်းပဲ၊ စစ်တပ်အနေနဲ့ လူမဆန်တာပဲ၊ သူတို့ကျရှုံးနေတော့ မနိုင် နိုင်ရာကို မဲပြီးတော့ ရွာသားတွေကို သက်သက်မဲ့ ဓားစာခံလုပ်တယ်လို့မြင်ပါတယ်၊ တကယ်တမ်းတော့ ဒီတိုက်ပွဲတွေမှာ သူ တို့အထိနာနေလို့ လူထုကို မဲတယ်လို့ မြင်တယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ မယိင်းလျန်းဟန် က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင် ၉ ရက် ည ၆ နာရီခန့်တွင် နမ့်ဖတ်ကာ အခြေ စိုက် ခလရ-၁၂၃ တပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိ သည့် အူရာဘွန်ကောင်းလိမ်ကျေးရွာအုပ်စု နားဖိုင်ရွာ အတွင်းသို့ လက်နက်ကြီး ၃ လုံးပစ်ခတ်ခဲ့ရာ နေ အိမ် တစ်လုံး သို့ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်အတွင်းရှိ ညီအစ်မ နှစ်ဦး လက် နက်ကြီးထိမှန် ဒဏ်ရာ ရရှိခဲ့ကာ တစ်ဦးမှာ ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

ဇူလိုင်လ ၁၀ ရက်နံနက် ၁၀ နာရီခန့်တွင် လည်း ကွတ်ခိုင်မြို့အတွင်း၌ တိုက်ပွဲများဖြစ်ပွား ခြင်း မရှိဘဲ ကွတ်ခိုင် အမြောက်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မိုင်းယုလေးမှ ကွတ် ခိုင်မြို့တွင်းသို့ စျေး ၀ယ် ရန် ဆိုင်ကယ်ဖြင့် သွားလာနေသူ အမျိုးသမီး တစ်ဦး၏ ပေါင်ကိုလက်နက် ကြီးထိမှန်ဒဏ်ရာရ ကာ ကွတ်ခိုင်ဆေးရုံတွင် ဆေး ကုသမှုခံယူခဲ့ရသည်ဟု ဆိုသည်။

တိုက်ပွဲများသည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာ၏ တောင်ဘက်နှင့်မြောက်ဘက်၊ ခိုမုန်းကျေးရွာ၊ ဖာခတ် ကျေးရွာတို့တွင် ပြင်းထန်စွာဆက်လက်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၁၆ ရက်နေ့တွင် အကြမ်းဖက် စစ် ကောင်စီတပ်မှပစ်ခတ်သော လက်နက်ကြီးသည် ခိုမုန်းကျေးရွာအတွင်းရှိ နွားမွေးမြူရေးခြံ အတွင်း သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ခြံအနီး နေထိုင်သူ အသက် ၅၀ ကျော်အမျိုးသမီးထိတ်လန့်သေဆုံး ကာ နွား ၅ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၈ ရက်နေ့လည်ပိုင်းတွင် ခိုမုန်းကျေးရွာ အနီးရှိ ကောင်းရာတောင်ကုန်း၌ တိုက်ပွဲများ ပြင်း ထန်ခဲ့ပြီး ကောင်ရာတောင်ကုန်းပေါ်တွင်နေရာယူထားသော ခမရ ၈၈ စစ်ကောင်စီတပ်မှ ကောင်းရာ ရွာ၊ မန်ပြိန်းရွာတို့ အတွင်းသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ရာ ကောင်းရာကျေးရွာအတွင်းရှိ နေအိမ် နှစ်လုံး၊ မန်ပြိန်းကျေးရွာ အတွင်းရှိ နေအိမ် တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဇူလိုင်လ ၁၈ ရက် ညနေ ညနေ ၅ နာရီခန့်တွင် နမ့်ဖတ်ကာ အခြေစိုက် ခလရ-၁၂၃ တပ်မှ လက်နက်ကြီးများဖြင့် တိုက်ပွဲဖြစ်ပွားရာဘက်သို့ လှမ်းပစ်ရာ နမ့်ဖတ်ကာကျေးရွာအုပ်စု ဇီးဒဗန်ကျေး ရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အသက် ၄၇ နှစ်အရွယ် ဒေါ်ခေါန်နန်၊ အသက် ၁၆ နှစ်အရွယ် မောင်ဘရန်စစ် ၊ အသက် ၉ နှစ်အရွယ် မောင်ဘရန်ဆန်နှင့် အသက် ၂၁ နှစ်အရွယ် မေရီ တို့ လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ကာ မောင်ဘရန်စစ်မှာ ကွတ်ခိုင်ဆေးရုံသို့အရောက်တွင် သေဆုံး သွား ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများကြောင့် ကောင်ရာကျေးရွာ မှ အိမ်ခြေ ၃၀ ခန့် နှင့်မန်ပိန်းကျေးရွာမှ အိမ်ခြေ ၂၀ ခန့် အတွင်း နေထိုင်ကြသော ပြည်သူ ၂၂၀ ခန့်မှာ ခိုမုန်းရွာ ဘုရားကျောင်း၌ ခိုလှုံ နေရပြီး အကြမ်းဖက်စစ် တပ်က ကောင်ရာကျေးရွာအတွင်း၌ ၀င်ရောက် တပ်စွဲထားကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article