28 C
Yangon

ဆားလင်းကြီးရှိ ကျားတက်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ သရက်ချောင်းရှိ ရငဲရွာ၌ တပ်စွဲထားသော စစ်တပ်ကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ဆားလင်းကြီးရှိ ကျားတက်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ သရက်ချောင်းရှိ ရငဲရွာ၌ တပ်စွဲထားသော စစ်တပ်ကို ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရဲစခန်းကို Shar Htoo Waw နည်းပညာဖြင့် အဆင့်မြှင့်တင်ထားသော ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force – SSTFတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၂၅ ရက်နေ့က ညောင်ပင်ကျေးရွာမှ ကျားတက်ရဲစခန်းအတွင်းသို့ ဝင်ရောက်ပြီး အနားယူ နေ သော အကြမ်းဖက်စစ်သားများကို Salingyi Special Task Force – SSTF {Shar Htoo Waw နည်း ပညာ တပ်ဖွဲ့ Team ၄ ၊ယင်းမာပင်ခရိုင် တပ်ရင်း ၁၄၊ တပ်ရင်း ၁၅ မှ Shar Htoo Waw နည်းပညာဖြင့် Update မြှင့်ထားသောပန်ကာ ၃ လက် နှင့် ပန် ကာ ၅ လက်ပါ Droneများ အသုံးပြု၍ ဗုံးသီး ၅ လုံး ကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းဝင်လာတော့ ရွာသူ၊ရွာသားတွေပါ ထွက်ပြေးနေကြရတော့ ခွေးသေထိခိုက်က သတင်းမသိ သေးဘူးဗျ၊ ဒီမနက်တော့ ပြန်ဝင်လို့ရပြီ၊ ကျားတက်ရွာထဲက ပြည်သူပိုင်ပစ္စည်းတွေ ဘယ်လောက်ပါ သွား လဲဆိုတော့ စုံစမ်းနေတုန်းပါ” ဟု Salingyi Special Task Force – SSTFတပ်ဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ ဇူလိုင်လ ၂၆ ရက်နေ့တွင်လည်း ကျားတက်ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများကို ဝင်ရောက်ခိုးယူနေစဉ် Salingyi Special Task Force – SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team ၄ မှ ဗုံးသီး ၈ လုံးဖြင့် ဝေဟင်မှ ထပ်မံကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို Salingyi Special Task Force – SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team ၄ ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team ၃ PDAF ၊ TTA(ရွှေဘို)၊ Royal Eagle (ပုလဲ)တပ် ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းအကြမ်းဖက်စစ်သားများသည် ယခုအခါ ပုလဲမြို့မရဲစခန်းသို့ ရောက်ရှိပြီသွားပြီဖြစ်ပြီး မိဘပြည်သူ များ အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ကြောင်းသတင်းသတိပေးချက်များကို လိုက်နာ ဆောင်ရွက်ကြရန်နှင့် အနီးအနားရှိ ကျေးရွာများ၌နေထိုင်ကြသော မိဘပြည်သူများအနေဖြင့် လုံခြုံရေး ကိုအထူးသတိရှိကြပါရန်၊ အကြမ်းဖက်စစ်သားများ ကျေးရွာအတွင်းသို့ ဝင်ရောက်လာနိုင်ပါက စောထီး စွာ ရှောင်ရှားနေထိုင်ကြရန် Salingyi Special Task Force – SSTF မှ သတိပေးထားသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာ မြွေတောင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် သရက်ချောင်းမြို့နယ်၊ ရငဲရွာ မြွေတောင်၌ တပ်စွဲထားသည့် အကြမ်းဖက် စစ်သားများ ကျေးရွာအတွင်း ဆင်းလာချိန် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုများက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှု အတွင်း စစ်သား ၂ ဦး သေဆုံးကာ အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့​ကြောင်း၊ ရငဲရွာ၌ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသည်မှာ ၂ လ ကျော် ကြာမြင့်နေပြီဖြစ်ပြီး ကျေးရွာနေ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article