ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၇
မကွေးတိုင်း၊ ဆောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် မှ ၃ နာရီ ၂၀ မိနစ်အထိ ဆောမြို့နယ်၊ ကန်ချောင်းရွာအနီး အကြမ်းဖက် စစ်တပ်၏ အင်အား ၁၃၀ ခန့်ပါဝင်သော စစ်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦး သေဆုံးပြီး PDF မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ဂန့်ဂေါခရိုင်အမှတ် (၃၊ ၅၊ ၈၊ ၁၃) တပ်ရင်း၊ CDF မင်းတပ်၊ CDF ကန်ပက်လက်၊ဆောPDF (YRPA)၊ YDF Saw ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။