ကရင်နီပြည်နယ်တွင် ပစ်ချခံခဲ့ရသော K8W တိုက်လေယာဉ်ကို မောင်းနှင်ရင်း သေဆုံးခဲ့သော ဗိုလ်ကြီးသော်ဇင်နှင့် ဗိုလ်အောင်ဖြိုးကျော်တို့ကို မင်းအောင် လှိုင် က ရာထူးတိုးဖြင့် သူရဘွဲ့ ချီးမြှင့်
ရန်ကုန်၊ ဇူလိုင် ၂၇
ကရင်နီပြည်နယ်တွင် ပစ်ချခံခဲ့ရသော K8W တိုက်လေယာဉ်ကို မောင်းနှင်ရင်း သေဆုံးခဲ့သော ဗိုလ်ကြီးသော်ဇင်နှင့် ဗိုလ်အောင်ဖြိုးကျော်တို့ကို မင်းအောင် လှိုင် က ရာထူးတိုးပြီး သူရဘွဲ့ ချီးမြှင့်ခဲ့ကြောင်း ကရင်နီပြည်လူမျိုး ပေါင်းစုံပြည် သူ့ လွတ် မြောက် ရေးတပ်ဦး(ကလလတ)၊ စစ်ဦးစီးဌာနက ယနေ့ တရားဝင် သတင်းထုတ်ပြန်သည်။
ဇွန်လ ၃၀ ရက်နေ့ ကရင်နီပြညန်ယ်၊ ရွာသစ်ဒေသအနီးတိုက်ပွဲတွင် စစ်ကောင် စီ ၏ တိုက်လေ ယာဉ်တစ်စင်းကို ကလလတ တပ်ဖွဲ့များနှင့် ပူးပေါင်းတပ်ဖွဲ့ များ က ပစ်ခတ်ခဲ့ကြကြောင်း၊ မီးခိုးများ စွာထွက်၍ ပျက်ကျသွားကြောင်း သက် ဆိုင်ရာ တပ်ဖွဲ့တပ်မှူးများက နိုင်ငံရေးဌာန နှင့် စစ်ဦးစီးဌာနသို့ အစီရင်ခံခဲ့ ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လိုအပ်သော စုံစမ်းထောက် လှမ်း မှုများကို ပြုလုပ်နေခဲ့ကြောင်း၊ ယခုအခါ ရရှိလာသော အချက်အလက် များက ထိုဖြစ်ရပ်ထိုသတင်း တိကျခိုင်လုံစွာ သိရှိလာရ ပြီဖြစ်သဖြင့် တရားဝင် သတင်း ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကရင်နီပြည်နယ်တွင် ပစ်ချခဲ့သော တိုက်လေယာဉ်အမျိုးအစားမှာ K-8W ဖြစ်ပြီး လေယာဉ်အမှတ် (၃၉၃၅) ဖြစ်ကြောင်း၊ ထိုလေ ယာဉ်ကို ဗိုလ်ကြီး သော်ဇင်၊ ဗိုလ်အောင်ဖြိုးကျော် တို့က မောင်းနှင်ခဲ့ပြီး တောင်ငူလေယာဉ် ကွင်းက နေပျံတက်လာကြောင်း၊ ရွာသစ်ဒေသ အရှေ့ဖက်တောတွင်းသို့ ထိုးကျပျက်စီးသွားသော ထိုလေယာဉ်ပျက်ကို မိမိတို့ ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံ ရိုက်ယူရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း ရှင်းလင်းသော မြင်ကွင်းအထိ ချဉ်း ကပ်ရန် မလွယ်ကူသဖြင့် အဝေးကသာ မှတ်တမ်းတင်ဓာတ်ပုံအချို့ ရိုက်ယူ နိုင် ခဲ့ ကြောင်း၊ ထိုလေယာဉ်ပျက်ကျရာ ဒေသတဝိုက်ကို (စကစ) စစ်တပ်က လုံခြုံ ရေး တင်းကြပ်စွာချကာ အပူတပြင်းရှာဖွေပြီး လေယာဉ်အပျက် အစီး များ ကို တစမကျန် ကောက် ယူသွားကြောင်း သိရှိရသည်။
ထို K-8W တိုက်လေယာဉ်၊ လေယာဉ်အမှတ် (၃၉၃၅)နှင့် တစ်ပါတည်း ပျက် ကျ သေဆုံးသွားသော ဗိုလ်ကြီး သော်ဇင်(လေ) နှင့် ဗိုလ်အောင်ဖြိုးကျော်တို့ကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော စစ်ကောင်စီ၏ အမိန့် ကြော် ငြာစာအမှတ် ၁၂၅/၂၀၂၃ အရ အဆင့်တိုးရာထူးကိုယ်စီဖြင့် “သူရဘွဲ့” နှင့် “သူရဲကောင်းမှတ်တမ်းဝင်တံ ဆိပ်” များ ပေးအပ်ထားကြောင်း သိရှိရသည်။
သေဆုံးသွားသော ဗိုလ်ကြီးသော်ဇင် ကို “ဗိုလ်မှူး/သူရဘွဲ့” ပေးအပ်ပြီး၊ ဗိုလ် အောင် ဖြိုးကျော်ကို “ဗိုလ်ကြီး/ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်” ပေးအပ် ခဲ့ကြောင်း၊ စစ်ကောင်စီတိုက်လေယာဉ်ကို ရှိသမျှလက် နက်ငယ်များဖြင့် စုံပြုံပစ် ခတ်ခဲ့ရကြောင်း၊လေယာဉ်ကိုပစ်ခတ်နိုင်သော လက်နက်အမျိုးအ စားမရှိသော်လည်း သူသေငါရှင် ရုတ်တရက်ကြုံရသော ဖြစ်ရပ်တွင် တပ်ဖွဲ့ဝင် တပ်မှူးတပ်သား များက ရှိသမျှ လက်နက်ငယ်များဖြင့် ယခုကဲ့သို့ ရဲရဲရင့်ရင့် ရင်ဆိုင်ပစ်ခတ်ခဲ့သဖြင့် တိုက်လေယာဉ် K-8W ပျက် ကျသွားရခြင်း ဖြစ် ကြောင်း သိရှိရသည်။