31 C
Yangon

မြ၀တီမြို့နယ်၊ လက်ခတ်တောင်အနီး ၂ ရက်တာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရ

Must read

မြ၀တီမြို့နယ်၊ လက်ခတ်တောင်အနီး ၂ ရက်တာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇူလိုင် ၂၇

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လက်ခတ်တောင်အနီး ဖြစ်ပွားခဲ့သော ၂ ရက် တာ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၄ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန် တော်လှန်ရေးအင်အား စုများ က တိုက်ခိုက်သိမ်းယူထားသော လက် ခတ် တောင်စခန်းကုန်းကို ပြန်လည် တိုက်ခိုက်ရန်အတွက် စစ်ကောင်စီ၊ တပ်မ ၄၄ လက်အောက်ခံများဖြစ်သည့် ခမရ ၁၁၈ ၊ လ ၈ ၊ မ ၉ ၊ မ ၂ တို့က လက်နက် ကြီးပစ်ကူများဖြင့် စစ်ကြောင်း ထိုးကြိုးစားခဲ့ရာ နယ်မြေလုံခြုံရေး ယူထားသော တော်လှန်ရေး ပူးပေါင်းတပ် ဖွဲ့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂ ဦး ဒဏ်ရာရခဲ့ကြောင်း၊ နှစ်ဖက်တပ်များအပြန်လှန် ပစ်ခတ်မှုအတွင်း အသက် ၄၀ အရွယ် ပြည်သူအမျိုးသမီး ၁ ဦး သေဆုံးခဲ့ကာ အသက်၂၀ နှစ် ဝန်းကျင် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇူလိုင်လ ၂၅ ရက်နေ့ တွင် လည်း လက်ခတ်တောင်ခြေအနီးကို ထပ်မံစစ်ကြောင်းထိုးခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သော KNU တပ်မဟာ ၆ KNU/KNLA၊ ကော်ဘရာစစ်ကြောင်း ၁ ၊ ကျားသစ်နက်၊ Federal Wings၊ ရောင်နီ တို့နှင့် ထိတွေ့တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲ တွင် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကော်ဘရာစစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ တိုက်ပွဲဝင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။ )

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article