30 C
Yangon

မြင်းမူတွင် ဒဏ်ရာရ စစ်သားများ တင်ဆောင်လာသည့် ကားကို မိုင်းဆွဲ တိုက်ခိုက်၊ တနင်္သာရီမြို့ရှိ စစ်တပ် ဂိတ်စခန်းများကို ဝင်ရောက် တိုက်ခိုက်

Must read

မြင်းမူတွင် ဒဏ်ရာရ စစ်သားများ တင်ဆောင်လာသည့် ကားကို မိုင်းဆွဲ တိုက်ခိုက်၊ တနင်္သာရီမြို့ရှိ စစ်တပ် ဂိတ်စခန်းများကို ဝင်ရောက် တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၂၇

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ဒဏ်ရာရ စစ်သားများ တင်ဆောင်လာသည့် ကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force-MMU မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် မြောင်လမ်းခွဲ၌ အထိုင်ချတပ်စွဲထားသော စစ်သား အင်အား ၅၀ ခန့်သည် မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာမြောက်ဘက်သို့ ထွက်လာစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းဒဏ်ရာရ စစ်သားများကို မွန်းလွဲ ၃ နာရီခန့်၌ မြင်းမူ ဆေးရုံသို့ ပို့ဆောင် စဉ် အလ္လကပ္ပကျေးရွာနှင့်ဝမ်းပြည့်ကျေးရွာအရောက် ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက် ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့သို့မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားကို ထိထိမိမိထိမှန်ခဲ့ပြီး စုတ်ပြတ်သွားကာ ကားပေါ်ပါ စစ်သားများမှာ သေဆုံးခဲ့ပြီး မြင်းမူမြို့အနောက် သုဿန်သို့ ဝင်ရောက်ကာ အလောင်းများကို မီးရှို့သင်္ဂြိုလ် လိုက်သည်ဟု သိရှိရသော်လည်း အကြမ်းဖက်စစ်သား မည်မျှသေဆုံးသည်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုများကို Black Eagle Defence Force-MMUအဖွဲ့မှ ဦးဆောင်ပြီး မြင်းမူပကဖ ၊ People’s Defence Force Myinmu – MMU PDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီတံတားကင်းဂိတ်နှင့် လက်နက်ကြီးပစ်ကူပေးသော ဗောဓိကမ်း တံတားဂိတ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်က လက် နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ကာ ကွယ်ရေး အ ဖွဲ့- ပကဖထံမှ သိရသည်။

ယမန်နေ့ ဇူလိုင်လ ၂၆ ရက် မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် တနင်္သာရီမြို့ ၊ အကြမ်းဖက်စစ် ကောင်စီတပ်သားများတပ်စွဲထားရာ တနင်္သာရီတံတားကင်းဂိတ်နှင့် လက်နက်ကြီးအကူပစ်ပေးသော ဗောဓိကမ်း တံတားဂိတ်တို့ကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)တပ်ဖွဲ့ဝင်များမှ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု စုံစမ်း နေဆဲဖြစ်ကြောင်း၊ ဗောဓိကမ်း တံ တားအနီးမှ လက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြည်သူနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article