ဆားလင်းကြီးမြို့နယ်တွင် ရွာပေါင်းစုံ သပိတ် ကော်မတီက စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟောပြောပွဲပြုလုပ်
ရန်ကုန်၊ ဇူလိုင် ၂၇
ဆားလင်းကြီးမြို့နယ်တွင် ရွာပေါင်းစုံ သပိတ်ကော်မတီက ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် ကိုဖိုးချမ်း အကြောင်း ရိုက်ကူးထားသည့် “ကတိ” မှတ်တမ်းရုပ်ရှင်ကိုလည်း ပြသခဲ့ပြီး ဒါရိုက်တာဏကြီး ရိုက်ကူးထားတဲ့ “မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်”ရုပ်ရှင် ကိုလည်း ပြသခဲ့ကြောင်း သိရသည်။


