25 C
Yangon

လောင်းလုံးရှိ ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ဆရာ၊ ဆရာမ ၆ ဦးကို ဖမ်းဆီးခြင်းမဟုတ်ဘဲ CDM ဝင်ကြသဖြင့် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်လိုက်ပြီဟု LLPDF ပြော

Must read

လောင်းလုံးရှိ ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ဆရာ၊ ဆရာမ ၆ ဦးကို ဖမ်းဆီးခြင်းမဟုတ်ဘဲ CDM ဝင်ကြသဖြင့် လွတ်မြောက်နယ်မြေသို့ ပို့ဆောင်လိုက်ပြီဟု LLPDF ပြော

ရန်ကုန်၊ ဇူလိုင် ၂၈

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စခန်းကြီးရွာရှိ ထားဝယ် စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ CDM ဝင်ရန် သဘောတူသည့် ကျောင်းအုပ်ဆရာမကြီးအပါအဝင် ဆရာ ဆရာမ ၆ ဦးနှင့် ကလေးငယ်တစ်ဦးကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ဇူလိုင် ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

Non – CDM ဝန်ထမ်းများကို ဇွန်လ နောက်ဆုံး CDM ဝင်ရန် သတိပေးတောင်းဆိုခဲ့သော်လည်း ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ဆက်ဖွင့်ထားသည့်အတွက် ဇူလိုင် ၂၀ ရက်နေ့တွင် ကျောင်းအုပ်ကြီးနှင့် သွားရောက်ဆွေးနွေးစဉ် ပညာရေးဝန်ထမ်းများက LLPDF ထံ ပူးပေါင်းလိုသည်ဟု ပြောကြားသည့်အတွက် သွားရောက်ခေါ်၍ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခြင်း ဖြစ်ကြောင်း ‌ သိရှိရသည်။

CDM အဖြစ် ပူးပေါင်းလာသူများမှာ ကျောင်းအုပ်ကြီးဒေါ်မြင့်မြင်ခိုင်နှင့် ခင်ပွန်း လက်ထောက်ကထိက ဦးနိုင်ဝင်း၊ သားဖြစ်သူ မောင်အောင်ဟိန်းခန့်၊ ဒုကျောင်းအုပ်ကြီး ဦးခင်မောင်ထွေး၊ ဒေါ်သန္တာအေး(လထ-ကထိက)၊ ဦးနေဆန်း(ကွင်းဆင်းလက်ထောက်)နှင့် နော်ဖြူဖြူသန့်(ကွင်းဆင်းလက်ထောက်) တို့ပါဝင်ကြောင်း သိရှိရသည်။

ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းဝင်းထဲသို့ LLPDF အဖွဲ့ဝင်ရောက်ချိန်တွင် ထွက်ပြေးသည့် ကျောင်းသား၊ ကျောင်းသူများကို တုတ်နှင့် ၂ ချက်စီရိုက်၍ အပြစ်ပေးခဲ့ကြောင်း ၊ ထိုဖြစ်စဉ်အတွင်း ကျောင်းသူတစ်ဦး လက်စွပ်ပျောက်ဆုံးတစ်ကွင်းပျောက်ဆုံးခဲ့၍ တပ်ဖွဲ့ဝင်များပါသည့် ပိုက်ဆံ စုဆောင်း၍ ပြန်ပေးခဲ့ကြောင်း သိရှိရသည်။

လောင်းလုံးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဘက်က အင်အားအများအပြားနှင့် စစ်ကြောင်းထိုး၍ တိုက်ပွဲရက်ဆက်ဖြစ်နေသည့်အတွက် CDM ဝင်သည့် ဆရာ၊ ဆရာမများကို ပို့ဆောင်ဖို့အချိန်အနည်းငယ်နှောင့်နှေးခဲ့ရပြီး လုံခြုံရေးအရ ယခုမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီကမူ PDF များက ဆရာ၊ ဆရာမများကို ဖမ်းဆီးသွားသည်ဟု ဝါဒဖြန့် သတင်းများဖြန့်ချိခဲ့သော်လည်း လက်တွေ့တွင်မူ PDF များက ဖမ်းဆီးခြင်းမဟုတ်ဘဲ ကျောင်းဆရာ၊ ဆရာမများကို လွတ်မြောက် နယ်မြေသို့ ဘေးကင်းစွာဖြင့် ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article