ပုလဲမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာ ၁၂ ရွာမှ ပြည်သူထောင်နှင့်ချီ၍ စစ်ဘေးရှောင် ထွက်ပြေး
ရန်ကုန်၊ ဇူလိုင်၂၈
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာ၁၂ ရွာမှ ပြည်သူထောင်နှင့်ချီ စစ်ဘေးရှောင်နေရကြောင်း ဒေသပြည် သူများက ပြောဆိုကြသည်။
ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် ပုလဲမြို့နယ် အနောက်ဘက်သို့ စစ်တပ်က စစ်ကြောင်းထိုးလာကြောင်း၊ ပျူစောထီးများပါ စစ်ကြောင်း တွင်ပါဝင် ပြီး ပျူစောထီးများကို ရိက္ခာရှာဖွေထောက်ပံ့သည့် စစ်ကြောင်း ဖြစ်နိုင်ကြောင်း၊ ဒေသပြည်သူများ ထောင်နှင့်ချီ၍ ထွက်ပြေးနေရကြောင်း သိရှိရသည်။
“ပျူရွာတွေအတွက် ရိက္ခာရှာတဲ့ စစ်ကြောင်းဖြစ်ဖို့များမယ်။ အခုလည်း အင်မထီး ပျူစခန်းကို သွားမယ်ထင်တယ်။ပျူတွေရိက္ခာပျက်တာကို ပြန်ဖြည့်ပေးဖို့ စစ်ကြောင်းထိုးတာဖြစ်မယ်။ အခု စစ်ဘေးရှောင် ထွက် ပြေးနေရတဲ့ ကျေးရွာတွေ ကတော့ ဒဲကျွန်း၊ဘိုကုန်း၊ မန်ကျီးခွ၊ရွာသာ၊လိန်ကုန်း၊ကံကြီး၊မွေ့တုံ၊ညောင်ကုန်း၊ဖိုကုန်း၊ကံပေါက်၊နွယ်ရှောက်၊လှော်ကား၊အင်ကြင်း စု ကျေးရွာ ၁၂ ရွာက ပြည်သူတွေ ထွက်ပြေးနေရတယ်။” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ရှိစစ်ကြောင်းထိုးနေသည့် စစ်တပ် စစ်ကြောင်းတွင် အင်အား၁၄၀ ပါဝင် ပြီး စစ်ကြောင်း စထိုးချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ် ပွားခြင်းမရှိသေးကြောင်း ၊ စစ်ရေး တင်းမာနေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။