29 C
Yangon

လောင်းလုံးမြို့နယ်၊ ခမောင်းတောရွာမှ အသက် ၆၄ နှစ်အရွယ် စစ်ဘေးရှောင် အဖွားအို တစ်ဦး နှလုံးရောဂါဖြင့် သေဆုံး

Must read

လောင်းလုံးမြို့နယ်၊ ခမောင်းတောရွာမှ အသက် ၆၄ နှစ်အရွယ် စစ်ဘေးရှောင် အဖွားအို တစ်ဦး နှလုံးရောဂါဖြင့် သေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောရွာမှ အသက် ၆၄ နှစ်အရွယ် စစ်ဘေးရှောင် အဖွားအို တစ်ဦး နှလုံးရောဂါဖြင့် သေဆုံးခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် လောင်းလုံးမြို့နယ်၊ ခမောင်းတောရွာမှ စစ်ဘေးတိမ်းရှောင်နေသည့် အသက် ၆၄ နှစ်ရွယ် အဖွား ဒေါ်လှအင်သည် နှလုံးရောဂါဖောက်၍ ဆေးရုံ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အဖွားအို၏ ရုပ်အလောင်းကို ဇူလိုင်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဇဟာသုဿာန်၌ မီးသင်္ဂြုလ်မည်ဖြစ်ကြောင်း၊ လက်ရှိချိန်တွင် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်ရှိ ၎င်း၏ဆွေမျိုး နေအိမ်၌ နာရေးပြုလုပ်နေကြောင်း သိရှိရသည်။

အဆိုပါ ခမောင်းတောင်ရွာမှ ပြည်သူများသည် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဇူလိုင် ၁၂ ရက်က စတင်ကာ ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article