29.2 C
Yangon

ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၁ ဦးသေဆုံး၊ စစ်ကိုင်းမြို့ရှိ လူမှုဖူလုံရေးရုံးကို ဗုံးခွဲတိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၁ ဦးသေဆုံး၊ စစ်ကိုင်းမြို့ရှိ လူမှုဖူလုံရေးရုံးကို ဗုံးခွဲတိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဇူလိုင် ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၂၇ ရက်နေ့တွင် ကော့ကရိတ်မြို့နယ် အာရှလမ်းမဘေးရှိ ရေကူးကန်၌ ဝင်ရောက် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ဒကစ ၁၂ ကွပ်ကဲမှုလက်အောက်ခံ ခမရ ၅၄၇ တပ်ရင်း နှင့် BGF ပူးပေါင်းတို့ကို KNU/KNLA ကရင်တော်လှန်ရေး တပ်ဖွဲ့များနှင့်အတူ

Lion Battalion Commando ဗျူဟာစစ်ကြောင်းတို့ တိုက်ခိုက်ခဲ့ရာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိတိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကရင် တော်လှန်ရေးတပ်များနှင့် အကြမ်းဖက် စစ်တပ်တို့ စစ်ရေး တင်းမာလျက်ရှိပြီး လှိုင်းဝအမြောက်ကုန်းနှင့် ခမရ ၉၇ တပ်ရင်းများက ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်နေပြီး တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အထူးဂရုစိုက် သွားလာပါကြရန် Lion Battalion Commando ဗျူဟာစစ်ကြောင်းက အသိပေးထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းမြို့၊ ဈေးကုန်းရပ်ကွက်ရှိ လူမှုဖူလုံရေးရုံးကို ဇူလိုင် ၂၈ ရက်နေ့ မွန်းလွဲ ၄ နာရီ ၃၀ မိနစ်တွင် ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း People’s Dictatorship Revolutionary Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။

တိုက်ခိုက်မှုအတွင်း Non-CDM ဝန်ထမ်း ၂ ဦး ထိခိုက်ခဲ့ပြီး ၁ ဦးမှာ သေဆုံး၍ ၁ ဦးမှာ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုသည် ဇွန် ၁၁ ရက်‌နေ့တွင် ကျဆုံးသွားသည့် PDRF မှ ရဲဘော် ၂ ဦးနှင့် ဇွန်လ ၂၈ ရက်နေ့ စစ်ကိုင်းခရိုင် တပ်ရင်း ၃ ဒုတပ်ရင်းမှူး ရဲဘော် အဇဲ အပါအဝင် ရဲဘော် ၁၄ ဦးအတွက် သွေးကြွေးဆပ်ခြင်းဖြစ်ကြောင်း People’s Dictatorship Revolutionary Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article