မိုးကုတ်မြို့နှင့် မင်းတပ်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ စစ်သား ၆ ဦး သေဆုံး
ရန်ကုန်၊ ဇူလိုင် ၃၀
မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မိုးမိတ် ခရိုင် K PDF တပ်ရင်းထံမှ သိရသည်။
ဇူလိုင်လ ၂၆ ရက် ညနေ ၅ နာရီ ၃၂ မိနစ်က အဆိုပါအကြမ်းဖက်စစ်သားများကို ကချင်လွတ်မြောက် ရေး တပ်မတော်(K.I.A.)အမှတ် ၃၄ တပ်ရင်းနှင့် မိုးမိတ်ခရိုင် KPDF တပ်ရင်းတပ်ခွဲ ၁ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ ၁၃ မိနစ်ခန့်အကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့ဝင်အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ခလရ ၂၇၄ အနီး ၄ မိုင်ကုန်းရှိ အကြမ်းဖက်စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း CDF – Mindat ထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၃၀ ရက် နံနက် ၇ နာရီ ၂၅ မိနစ်ခန့်က အဆိုပါအကြမ်းဖက်စစ်တပ်စခန်းကို CDF – Mindat တပ်ဖွဲ့ဝင်များမှ သွားရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး CDF – Mindat တပ်မှ တပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ(မပြင်းထန်) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
