33.8 C
Yangon

ရေဖြူတွင် စစ်တပ်က ပြည်သူ ၅၀ နီးပါးကို ဆက်တိုက်ဖမ်းဆီးပြီး စစ်ယူနီဖောင်း ပေးဝတ်၍ လူသားဒိုင်းအဖြစ် စစ်ကြောင်း တစ်လျှောက် ခေါ်ဆောင်သွား

Must read

ရေဖြူတွင် စစ်တပ်က ပြည်သူ ၅၀ နီးပါးကို ဆက်တိုက်ဖမ်းဆီးပြီး စစ်ယူနီဖောင်း ပေးဝတ်၍ လူသားဒိုင်းအဖြစ် စစ်ကြောင်း တစ်လျှောက် ခေါ်ဆောင်သွား

ရန်ကုန်၊ ဇူလိုင် ၃၀

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅၀ နီးပါးကို ဆက်တိုက်ဖမ်းဆီးပြီး စစ်ယူနီဖောင်း ပေးဝတ်၍ လူသားဒိုင်းအဖြစ် စစ်ကြောင်း တစ်လျှောက် ခေါ်ဆောင်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များနှင့် ပြည်သူများ ပြောဆိုချက်အရ သိရသည်။

ဇူလိုင်လ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသည့် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ ဇာဒီကျေးရွာအုပ်စုမှ ဒေသပြည်သူ ၅၀ နီးပါးကို အကြမ်းဖက် စစ်တပ်က စစ်ယူနီဖောင်းများ ဝတ်ဆင်ခိုင်းပြီး စစ်ကြောင်းထိုးရာ လမ်းတလျှောက် လူသားဒိုင်း အဖြစ် ခေါ်ဆောင်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဖမ်းဆီးသွားသူများမှာ ခေါင်ပြန်ရွာနှင့် ဒိုက်တကော်ရွာမှ ပြည်သူများဖြစ်ပြီး စစ်တပ် စစ်ကြောင်းသည် အင်အား ၁၅၀ ခန့်ရှိပြီး အရပ်သားပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုကာ ကံပေါက်ဒေသမှ နဘုလယ်ဒေသဘက်ကို ဦးတည် စစ်ကြောင်းထိုးလျက်ရှိပြီး လမ်းတစ်လျှောက် ရွာများမှ ပြည်သူများကို ဆက်လက် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် နဘုလယ်ဒေသရှိ ပရဒတ်ကျေးရွာအုပ်စု၊ ဘဝါရွာတဝိုက်ကို ရောက်ရှိနေကြောင်း၊ စစ်ကြောင်းရပ်နားခဲ့သည့် ဘဝါရွာမှ ပြည်သူပိုင် ကြက်၊ ဝက်များကိုလည်း သတ်ဖြတ် စားသောက်သွား​ကြောင်း၊ နဘုလယ်ဒေသတွင် လက်ရှိချိန်၌ စစ်ရေးတင်းမာလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article