32.3 C
Yangon

ကျွန်းလှမြို့နယ်၊ စသာကုန်းရွာမှ ပျူစောထီး မိသားစု ၂ စုက PDF တပ်ဖွဲ့ထံ ထွက်ပြေးခိုလှုံ

Must read

ကျွန်းလှမြို့နယ်၊ စသာကုန်းရွာမှ ပျူစောထီး မိသားစု ၂ စုက PDF တပ်ဖွဲ့ထံ ထွက်ပြေးခိုလှုံ

ရန်ကုန်၊ ဇူလိုင် ၃၀

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ စသာကုန်းရွာမှ ပျူစောထီးအဖွဲ့ဝင် မိသားစု ၂ စုက PDF တပ်ဖွဲ့ထံ ထွက်ပြေးခိုလှုံလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်ဖြစ်သည့် Infinity Group မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇူလိုင် ၂၉ ရက်နေ့တွင် ဒေသတွင်း PDF အဖွဲ့ထံ ခိုလုံလာသူ ပျူစောထီးအဖွဲ့ဝင် မိသားစုနှင့် ပျူသင်တန်းတက်ရန် စာရင်းပေါက်သူ မိသားစုဝင် များမှာ စုစုပေါင်း ၁၃ ဦးရှိပြီး အခက်အခဲမျိုးစုံကြားထဲမှ PDF များထံ ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။

“အကြောင်းအရင်းက ပျူတွေရဲ့ လုပ်ရပ်နဲ့ စကစရဲ့ အာဏာရှင်စနစ်ကို မကြိုက်လို့ပါတဲ့ဗျ။ အတင်းအကျပ် ဖိအားပေးလို့ ပျူသင်တန်းတက်ရသူတွေ များတာပါဗျ။ ဒေသခံတွေက သူတို့ကို ဝမ်းပန်းတသာ ကြိုဆိုကြပါတယ်ဗျ” ဟု Infinity Group မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ မိသားစုဝင်များ ထွက်ပြေးသွားသည့်အတွက် စသာကုန်းရွာရှိ ၎င်းတို့၏ နေအိမ်များကို ပျူစောထီးများက ချိတ်ပိတ်ကာ နေအိမ်ရှိ ပရိဘောဂပစ္စည်းများကို ခိုးယူသွားကြောင်း၊ PDF ထံ ထွက်ပြေးသွားသူ မိသားစုဝင်များကိုလည်း တွေ့သည့် နေရာတွင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိနေကြောင်း Infinity Group အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ထွက်ပြေးလွတ်မြောက်လာသူ ပျူစောထီးများသည် အဝတ်အစားကအစ ပြည့်ပြည့်စုံစုံမပါ ရှိသည့်အတွက် ဒေသပြည်သူများ၊ NUG တာဝန်ရှိသူအချို့နှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များက လိုအပ်သည့် အကူအညီများ ပေးနေကြောင်း သိရှိရသည်။

“လက်ရှိကတော့ အဆင်ပြေနေပါတယ်ဗျ။ မနက်က အဝတ်အစားမပါလို့ဆိုတော့ ကျွန်တော်တို့ဆီက ရှိတဲ့ အဝတ်အစားတွေလည်း လှူပေးလိုက်ပါတယ်ဗျ” ဟု Infinity Group မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article